Part-18(Unicode±Zawgyi)

2K 99 23
                                    

I Love You 💚❤️
Unicode
Part-18

" ဟိုမိန်းမ ပြန်သွားပြီလား "
ဘေးခုံမှာ အသံတိတ်လိုက်လာရာကနေ ထမေးလိုက်တဲ့မေးခွန်းက ကျွန်တော်တို့နှစ်ယောက်ကြား ပြဿနာရှာသွားတဲ့ မိန်းမရဲ့
အကြောင်းးး

ခုထိ အခဲမကြေသေးပုံရတယ်။Nanonရဲ့
မေးခွန်းကို ပြန်မဖြေခင်မှာ အရင်ဆုံး ရယ်မိလိုက်တယ်။
အဲ့လောက်တောင် အူတိုရလားဆိုပြီး သဘောကျမိလို့

" P'Ohm ဘာရယ်တာလဲ မေးတာ မဖြေဘဲနဲ့
အဲ့မိန်းမရှိနေသေးတယ်ဆို Nonကို အပန်းဖြေအိမ်ပဲ
ပြန်ပို့ပေးတော့ ဟိုမှာပဲ နေတော့မယ် "

" Non ရယ် ကိုယ်စိတ်တိုရင် ဘယ်လိုဆိုတာလည်း သိသားနဲ့
ကိုယ်တို့ကြားမှာ ပြဿနာဖြစ်အောင် လုပ်တဲ့သူကို ဆက်ထားပေးရလောက်အောင် ကိုယ်က သဘောကောင်းနေတဲ့ပုံပေါက်နေလို့လား"

" အဲ့တာဆို ဘယ်လို လုပ်ခဲ့လဲ "

"တစ်ခါထဲ အိမ်ပေါ်က ဆွဲချပြီးမှ ဒီကလေးလေးရှိ
ရောက်လာတာပါဗျ "

Nanonက ဘာလို့ ထပ်ပြီး ထကောက်နေလဲ မပြောတတ်။
သူ မပြန်ချင်သေးဖူးဆိုတာကြောင့် ကျွန်တော်ကိုယ်တိုင်
အလုပ်တွေပစ်ပြီး နေပေးရုံမက သေချာလည်း အထပ်ထပ်အခါခါရှင်းပြခဲ့သည်။ Nanonက အဲ့မိန်းမကို ကျွန်တော်နဲ့
မရှင်းမရှင်းတောင် ထင်နေခဲ့တာတဲ့‌လေ။ ထင်ရက်ပါ့ Nanonရယ်လို့သာ ပြောလိုက်ချင်တော့တယ်။
အဖေနဲ့ ပါလာတဲ့သူလို့ပြောတော့ သူ့မှာ အံ့ဩ‌နေသေး ။
ခုလည်း စကားနဲ့သာ ဆက်မရစ်တော့တာ ကောက်နေပြန်ပြီ ။

" Nanon ...Non... အရမ်း မကောက်နဲ့နော်
ချော့လို့မရတော့ရင် ဖက်နမ်းပစ်မှာ"

နဂိုထဲက ချော့တာတွေနဲ့ အကျွမ်းတဝင် မရှိတဲ့ ကျွန်တော်
ပေါ်လာတဲ့ အတွေးကိုသာ ချပြောလိုက်သည်။
ကိုယ့်မှာ ဒီတစ်ယောက်ကို ချစ်လွန်းလို့
မတတ်မြောက်ခဲ့တာတွေ အားလုံး တပည့်တွေရှေ့လည်း
မရှောင် လုပ်ခဲ့ရတယ်။ ပြန်တွေးကြည့်ရင် ကျွန်တော့်အတွက် ပထမဆုံးလုပ်ခဲ့ဖူးတဲ့ အထူးဆန်းတွေကြီးပဲ။

"ဟင်... "

" ကောက်တာ ပြေမလား အနမ်းခံမလားး"

3.I Love You (Complete)Where stories live. Discover now