Part-10(Unicode±Zawgyi)

1.9K 114 35
                                    

I love You 💚❤️
Unicode
Part-10

အဲ့တာ ဘယ်လို အပြုမူလဲ
ဘယ်လို အဓိပ္ပါယ်မျိုးလဲ
မေးတဲ့မေးခွန်းကိုကျ ဘာမှ မဖြေဘဲနဲ့ ခု လုပ်သွားတဲ့
အပြုမူက ဘာလဲ။
တကယ်ကို နားမလည်တော့ဘူး။

~~
ခြေထောက်က နားလာလို့ အစောထဲက နိုးနေခဲ့တာ။
နိုးနေပြီး မကြာပါဘူး ခရီးသွားမယ့်
Ohm Pawatတစ်ယောက် ထလာပါတယ်။
အဲ့တာနဲ့ အသာလေး မျက်လုံးပြန်မှိတ်ထားပြီး
သူထွက်သွားသည်အထိ အိပ်ချင်ယောင် ဆောင်နေခဲ့သည်။
ကျွန်တော်အိပ်နေသည်အထင်နဲ့
ကျွန်တော့်နဖူးကို နမ်းသွားခဲ့တာတော့ စိတ်ထဲမှာ ဝေခွဲမရခဲ့ ~~

"ဒေါက်...ဒေါက်"
"P' နိုးနေပြီလား ကျွန်တော်တို့ ဝင်လာခဲ့မယ်နော်"

AJ,JJ အခန်းပြင်ကနေ လှမ်းအော်ပြောနေလေသည်။

" အင်း နိုးပြီ ဝင်လာခဲ့ "

ကျွန်တော်က ခြေထောက်ဒဏ်ရာနဲ့
Ohmကလည်း ခရီးသွားတယ်ဆိုတော့
ဒီနှစ်ယောက်ကို အနီးကပ် ပြုစုခိုင်းခဲ့တယ် ထင်ပါတယ်။

JJ : မျက်နှာသစ်ဖို့ ရေခပ်လာပေးရမလား P' "

"ရတယ် တွဲပဲခေါ်သွားပေး အထဲမှာပဲ သွားသစ်မယ်"

"ဟုတ်"

အမြွှာနှစ်ယောက် အကူညီနဲ့ မျက်နှာသစ် သွားတိုက်ပြီး
အခန်းထဲထိ လာပို့ထားသော မုန့်နဲ့ နွားနို့ကို စားလိုက်သည်။

AJ : ဘာလုပ်ချင်တာရှိလဲ P' ပြောနော်"

" အင်း ရတယ်"

JJ : မနေ့ကလေ ကျွန်တော်ဆင်းခိုင်းထဲက အောက်ဆင်းခဲ့ရမှာ
ခုတော့"

AJ : JJ တိတ် ...
P' သူပြောတာ စိတ်ထဲမထားနဲ့နော် "

"ဟားး ရပါတယ် သူပြောတာလည်း ဟုတ်နေတာပဲ"
JJကတော့ သူအစ်ကို ဟန့်လိုက်လို့ အနောက်လေးဆုတ်
တိတ်သွားတယ်။
ခဏနေမှ

" P' ဆေးလိမ်းရမယ်မလား ကျွန်တော် လိမ်းပေးမယ် "

"ရတယ် ဆေးပဲ ယူပေး"
ကျွန်တော် သူများကို လုပ်ခိုင်းရမှာ အားနာတယ်။
ကျွန်တော်ဘာသာ ကျွန်တော်ပဲ ယူပြီး ဆေးထည့်ဖို့
လုပ်လိုက်လေသည်။

3.I Love You (Complete)Where stories live. Discover now