Final Part-33(Uni±Zaw)

2.1K 86 30
                                    

I Love You 💚❤️
Unicode
Part-33 {Final}

  'သေဆုံးသွားကြသူအချင်းချင်း
တမလွန်မှာ ပြန်လည်ဆုံတွေ့နိုင်ပါသလား'

တစ်နေရာရာကနေ လွှင့်စင်ထွက်လာတဲ့ ခန္ဓာတစ်ခု။
တိတိကျကျဆို ကျွန်တော့် ခန္ဓာကိုယ် ၊ ခုလက်ရှိဆို ဝိဉာဉ်လို့‌ခေါ်ရမလား။

ငါ သေသွားပြီလား ...
သေဆုံးသွားခြင်းကို ဝမ်းသာနေတဲ့သူဆိုလို့ ကျွန်တော်တစ်ယောက်ထဲသာ ရှိမယ် ထင်တယ်။

ဒါက သေပြီးသွားရင်ရောက်တဲ့ နေရာလား။
ဘယ်လိုနေရာဆိုတာတော့ မသိ။ ဘာလို့ဆို ဘာမှ မမြင်ရဘဲ ဆောင်းတွင်း မနက်စောစော တောင်ပေါ်မှာ လမ်းလျှောက်နေရသလို မြူတွေ ပိတ်နေ၍ ဖြစ်သည်။

အဲ့တာဆို Nanonရော ဘယ်မှာလဲ...

Nanon ကို ဘယ်မှာ တွေ့နိုင်လဲ ။

" Nanon.. Nanon.."
လည်ချောင်းထဲက ထွက်သမျှအသံနဲ့ အော်ခေါ်လိုက်သည်။

" Nanon...ဘယ်မှာလဲ "
မြူတွေ ပိတ်လှောင်နေတဲ့ ဒီနေရာမှာ ပတ်ဝန်းကျင်ဆိုတာလည်း ဘယ်လိုပုံစံ မမြင်ရ ။ ကိုယ်ခြေချလိုက်ရာ အနီးမှာပဲ အနည်းငယ်ပုံပေါ်သည်။

ခြေဦးတည့်ရာပြေးပြီး အော်ခေါ်နေမိပေမယ့် တုံ့ပြန်သံကတော့ လုံးဝ မလာခဲ့။

ဘာလို့မတွေ့ရတာလဲ ။ ကျွန်တော့်ကိုများ စိတ်ဆိုးနေတာများလား ။ 

" ကလေး "
Nanon ကို အသဲအသန်လိုက်ရှာမိတုန်း နောက်ကျောဘက်က မိန်းမတစ်ယောက်ရဲ့ 'ကလေး' လို့ခေါ်လိုက်တဲ့အသံ ။ အရမ်းအေးချမ်းတည်ငြိမ်ပြီး နားထောင်လို့ တော်တော်ကောင်းတယ်။

" ဘယ်သူလဲ "
မျက်နှာကို ကောင်းကောင်းမမြင်ရသေးပေမယ့် ကိုယ်ရှိကို လာနေတယ်ဆိုတာ စိတ်ထဲက သိနေတယ်။ အနားကိုရောက်လာလေလေ ဖြည်းဖြည်းချင်း ပုံပေါ်လာလေဖြစ်သည်။
အနားရောက်လာလို့ မြင်လိုက်ရတဲ့ မျက်နှာသည်လည်း ရင်းနှီးမှု့ ရှိနေပြီး အသံထပ်ပင် ပိုတည်ငြိမ်အေးချမ်းလေသည်။
ရင်းရင်းနှီးနှီးမြင်ဖူးတယ်။ ရင်းရင်းနှီးနှီး သိတယ်။ ဘယ်မှာလဲ ။

" ဒီကိုဘာလာလုပ်တာလဲ ကလေး "
ဘာမှပြန် မဖြေနိုင်ဘဲ အမျိုးသမီးရဲ့ မျက်နှာကိုသာ မျက်တောင်မခတ် ကြည့်နေရင်းမှ ...
ဖျက်ခနဲ ပေါ်လာတဲ့ အခန်းထဲက ဓါတ်ပုံတစ်ပုံ
သိတက်စအရွယ်ထဲက မရှိတော့တာမို့ ခုလို အပြင်မှာ ရှင်းရှင်းလင်းလင်း မမြင်ဖူးခဲ့ဘူးလေ ။ အိပ်မက်ထဲတောင် အရိပ်သာသာ။

3.I Love You (Complete)Where stories live. Discover now