Part-15(Unicode±Zawgyi)

1.7K 106 19
                                    

I Love You💚❤
Unicode
Part-15

**ကျွန်တော့် နှလုံးသားက အရမ်းနုနေလား ??
ကျွန်တော်ကို အကြပ်ရိုက်အောင်လုပ်ပြီး ယူထားတဲ့
ဒီအမျိုးသားကို မုန်းခဲ့ဖူးတယ်။ ခုလည်း အချိန်ခဏ‌လေးမှာ
အဲ့အမျိူးသားကိုပဲ ချစ်မိပြန်တယ်**

ဒီနေ့ AJနဲ့ JJကို ခေါ်ပြီး ဟိုတစ်ခါ ‌လိုက်ကြည့်ခဲ့တဲ့
အားကစားရုံတွေရှိသို့ ...

JJ : P' အဲ့ကို ဘာလို့ ထပ်သွားတာလဲ
လေ့ကျင့်မလို့လား "

" မဟုတ်ဘူး နည်းနည်းလေ့လာကြည့်မလို့ "

JJ : အော် ဟုတ် ...
ဒါနဲ့ P'ရဲ့လည်ပင်းမှာ အနီကွက်ကြီး
အကောင်တစ်ခုခုကိုက်ထားတာလား "

JJမေးလိုက်တဲ့အခါမှ... ကျွန်တော်လည်ပင်းကို ပြန်ကိုင်မိလိုက်ပြီး

" အင်း ညက အင်းဆက်တစ်ကောင် ကိုက်သွားတာ "

JJ : ဟာ ..အဲ့တာဆို သခင်လေးကိုပြောပြပြီး
ပိုးသတ်ဆေး လာဖြန်းခိုင်းမှ ဖြစ်မယ် "

" မလိုဘူး "
ကျွန်တော် အလန့်တကြားနဲ့ အမြန်ဖြေလိုက်ရသည်။
အင်းဆက်ကိုက်တာ အင်းဆက်ရှိ တင်ပြလို့ ဘယ်ဖြစ်မှာလဲ
JJ ကတော့ ဘာလို့လဲ မေးခွန်းပုံစံနဲ့ ကြည့်နေတော့

"သတ်လိုက်ပြီ ညကပဲ
လာ ဟိုအခန်းထဲ အရင်ဝင်မယ် " ပြောပြီး ဦးအောင်ဝင်ခဲ့လေသည်။

အနောက်မှာကျန်ခဲ့တဲ့ နှစ်ယောက်ကတော့ နှစ်ယောက်သား တိုး"တိုး"နဲ့ ပြောပြီး လိုက်လာလေတယ်။
သူတို့နှစ်ယောက်ကို ကျွန်တော်ရပ်စောင့်ပြီး ကြည့်နေတော့
JJက အမူယာတစ်မျိုးနဲ့ ရယ်ပြတယ် ။
အင်းဆက်အစစ်ကိုပဲ သိသွားလား မပြောတတ် ။

သိသွားရင်လည်း ဆက်မပြောပါနဲ့တော့ JJရေ..
အဲ့ကိုက်တဲ့ အင်းဆက်က မင်းတို့ ဆရာပါပဲ။

ရေချိုးခန်ထဲက ထွက်လာတဲ့ချိန်ကို မီးပိတ်ပြီး စောင့်နေတယ်။
အမှောင်ထဲမှာ မျက်နှာတောင် သေချာ မမြင်ရဘဲ ဖွင့်ပြောတယ် ။
ကိုယ်အရှေ့မှာ လေငွေ့ဖွဖွရိုက်ခက်လာပြီး
နမ်းတော့မယ်ထင်ခဲ့ပေမယ့် လည်ပင်တွေရှိကိုသာ
ရောက်လာခဲ့ကာ' အား နာတယ်' ပြောမှ
" ချစ်လို့" ဆိုတဲ့ စကားတစ်ခွန်းနဲ့ ပြန်ခွာသွားတယ် ။
တစ်ခုခုကို အစပျိုးမလိုပုံစံရှိ‌ပေမယ့် သူ ရှေ့ဆက်တော့
မသွားခဲ့ဘူး။

3.I Love You (Complete)Where stories live. Discover now