Part-7(Unicode±Zawgyi)

1.8K 110 20
                                    

I Love You 💚❤
Unicode
Part-7

ကမ္ဘာမှာ သမ္မတထက် အလုပ်ပိုများတဲ့သူပြပါဆို
ကိုယ်ကိုကိုယ်ပဲ လက်ညိုးထိုးရမလားး။
ဘိုးဘွားတွေထဲက လုပ်ခဲ့တဲ့ အလုပ်တွေ၊
တိုးချဲ့တာတွေ အမျိုးမျိုးနဲ့ တစ်နေ့တာ လည်ပတ်နေခဲ့တာဟာ
ဒီနေရာကို စဝင်လာခဲ့တဲ့အချိန်ကနေ
ဆက်ခံလိုက်ရတဲ့ အချိန်
ပြီးတော့ အခုလက်ရှိအချိန်ထိ ဆိုပါတော့။

ကျွန်တော် ဆက်ခံပြီးတော့လည်း အရင်လို အောင်မြင်စဲ
အရင်ထပ်တောင် ပိုအောင်မြင်တယ် ပြောရမလား။
ခေတ်အဆက်ဆက် စီးပွားရေးလောကမှာ
နာမည်ရလာခဲ့တာကိုလည်း ကိုယ်ကြောင့် ပျက်စီးသွားတယ်
မဖြစ်ချင်တာကြောင့် ကြိုးစားခဲ့ရတာလည်း ပါတာပေါ့။

အဖေကတော့ အားလုံးကို ကျွန်တော်လက်ထဲ
ထည့်ပေးသွားပြီးထဲက လွတ်လွတ်လပ်လပ်နဲ့ ။
ကိုယ်ကတော့ နေရာဆက်ခံပြီးထဲက ဒီထဲမှာ ပိတ်မိ
ကောင်းတာတွေရှိသလို ဆိုးတာတွေလည်း ကြုံရတယ်။

ဒီလောကမှာက နောက်ကွယ် မမြင်ရတဲ့
ကိစ္စတွေကလည်း ဒုနဲ့ဒေ။
ရန်သူတွေကလည်း ဒုနဲ့ဒေ။
ကိုယ်က ဒီတိုင်းနေရင်တောင် လိုက်ပြိုင်နေကြတဲ့သူတွေကလည်း
ရှိသေးတယ်။အဲ့ဒီသူတွေက ကိုယ့်အကြောင်း
အသေးစိပ်ကအစ သိနေကြတာမျိုး။
တစ်ယောက်နဲ့တစ်ယောက်ပြုံပြနေပြီး
အင်းအားနဲ့ ပြန် တိုက်ခိုက်နေကြတဲ့ လောကကြီး။

ဒါက စီးပွားရေးလောကရဲ့ အမှောင်ဘက်ခြမ်းက
အဖြစ်ပျက်တွေ ဖြစ်လေသည်။

ဒီလို အကြောင်းတရားတွေကို ဘာမှမသိတဲ့
ကောင်လေးကတော့ အေးရာအေးကြောင်း
အိပ်ယာပေါ်မှာ အိပ်နေလေသည်။
ဒီရှုပ်ထွေးတဲ့ လောကကိုတော့ မသိတာပဲ ကောင်းပါတယ်။

အချိန်က တော်တော်နောက်ကျနေမှ
အလုပ်ကိစ္စတွေပြီးတာဆိုတော့
အခန်းထဲရောက်လာတဲ့ချိန် Nanonကတော့
ကုတင်ပေါ်မှာ အိပ်ပျော်နေလေပြီ။
ကုတင်အလယ်မှာ ဖက်လုံးကို သေသေချာချာကို ကန့်ထားတာ။

အဲ့တာကို ကြည့်ပြီး တစ်ချက်ပြုံးလိုက်မိကာ
ရေချိုးခန်းရှိရာကို သွားဖို့ ပြင်လိုက်သည်။
အပေါ်ကြယ်သီးတွေဖြုတ်နေရင်း ရေချိုးခန်းရှေ့ကို
ကြည့်လိုက်မိတာ အလင်ရောင်ထွက်နေတဲ့ မျက်လုံးလိုအရာမျိုးက
ရုတ်တရက် လူကို လန့်သွားစေခဲ့တယ်။
အခန်းကလည်း ညအိပ်မီးအရောင်သာ လင်းနေတာဆိုတော့

3.I Love You (Complete)Where stories live. Discover now