I Love You 💚❤
Unicode
Part-4"ဦးလေး ဖန်း ... ဦးလေး ဘယ်မှာလဲ"
ပြန်ရောက်ရောက်ချင်း ဦးလေးဖန်းကိုခေါ်ပေမယ့် မတွေ့လို့
အနီးမှာတွေ့တဲ့ ကောင်မလေးတစ်ယောက်ကို မေးလိုက်တော့"သခင်လေး ဦးလေးဖန်း နောက်ဖက် ပန်းခြံမှာပါ"
"အင်း သွားခေါ်လိုက်"
"ဟုတ်"
ကောင်မလေးမှာ ရေးကြီးသုတ်ပြာ
ပြေးပြီး ထွက်သွားလေသည်။
ခဏနေတော့"တူလေး ပြန်လာတာစောလှကြီလား အဆင်မပြေခဲ့ဘူးလား
ပြီးတော့ ဘာပြောမလို့လဲ ဦးလေးကိုရှာနေတာ"" ဟိုအိမ်နဲ့ မင်္ဂလာကိစ္စ စီစဉ်ဖို့ ပြောထားတာလေ
လုပ်လိုက်တော့ ""ဟေ့ အရင်ရက်တွေက တစ်ခွန်းမှ မဟဘဲနဲ့
ခုမှ ဗြုန်းစားကြီး ဘယ်လိုဖြစ်တာလဲ""ဟုတ်တယ် ဦးလေး
ခုမှ အဲ့လိုဖြစ်သွားတဲ့ အကြောင်းလေးပေါ်လာလို့""ဟိုအိမ်ကရော လက်ခံတယ်တဲ့လား"
" လက်ကိုခံရမှာ လက်မခံလို့ကိုမရဘူး"
ဦးလေးက နားမလည်တဲ့ပုံနဲ့ ကျွန်တော့ကိုကြည့်နေလေသည်။
ကျွန်တော်ပုံကလည်း ပုံမှန်တော့ ဖြစ်မနေလောက်ဘူး
ပြီးတော့ စကားတွေကအစ သေချာ အေးဆေး
မပြောနိုင်ဖြစ်နေတာ"အော် ပြီးတော့ အရေးကြီးတာက မင်္ဂလာပွဲကတော့
သူတို့အိမ်နဲ့မှန်တယ် လက်ထပ်မယ့်သူကတော့
ဦးလေးတို့ စီစဉ်တဲ့သူနဲ့ မဟုတ်ဘူး ""ဟင် ဘယ်သူနဲ့လဲ"
"သူတို့သားနဲ့ "
ဦးလေးဖန်းက မျက်လုံး ပိုပြူးသွားပြီး"Nanonနဲ့လား"
"အဲ့တာ စီစဉ်ပေး နောက်လအတွင်း"
" ဘာတွေ ဘယ်လိုဖြစ်လာကြတာလဲ နားလည်အောင်လည်း
ရှင်းပြပါဦး ပြီးတော့ ဒါက နောက်စရာ ကိစ္စမဟုတ်ဘူးနော် ""ကျွန်တော်ဘယ်တုန်းက နောက်ဖူးလို့လဲ"
"နားလည်အောင် ဦးလေးကို ရှင်းပြပါဦး"
ကျွန်တော် စောစောက အဲ့အိမ်မှာ ဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေကို
အစအဆုံး ရှင်းပြလိုက်သည်။"ဒါက ဒေါသကြောင့် ဖြစ်နေပြီ
စိတ်အေးအေးထားပြီး စဉ်းစားပါဦး"
YOU ARE READING
3.I Love You (Complete)