I Love You 💚❤
Unicode
Part-8နေရတာ ပျင်းဖို့ တကယ်ကောင်းလေသည်။
အရင်တုန်းက အိမ်မှာဆို ငါ ဘာတွေ လုပ်နေလဲ။ကိုယ်ကိုကိုယ် ပြန်တွေးကြည့်မိ
အများဆုံးကတော့ အပြင်ပဲ ထွက်နေတာများသည်။
စပ်တူလုပ်ထားတဲ့ shopping centerတွေထဲက
ဆိုင်းတွေအတွက် လိုအပ်တာတွေ ကြည့်ကြတယ်။
စာရင်းတွေ လုပ်တယ် ။ Bar အတွက်ဆို Bar။
သူငယ်ချင်းတွေနဲ့ မတွေ့တဲ့ရက် ရှားသလောက်ပဲ။ခုတော့ ဒီအိမ်ထဲမှာ ပိတ်မိ ။
အမြဲတမ်းလိုက်နေတဲ့ နှစ်ယောက်ရယ်
လုပ်မယ့်ဟာတွေ အစီရင်ခံရမှာရယ်ကို တွေးမိရင်
အိမ်တွင်းပဲ အောင်းတော့မယ်။
ပြီးတော့ အမြဲထွက်ခွင့်လည်း မရဘူးတဲ့
ဟို လူဆိုးကြီးက ပြောထားပြီးသား...အဲ့တော့ သူငယ်ချင်းတွေနဲ့ လိုင်းပေါ်ကပဲ
စကားပြော တိုင်ပင်ကြပြီး လိုအပ်မှပဲ အပြင်ထွက်မယ်လို့
ဒီရက်ပိုင်း ဆုံးဖြတ်ထားလေသည်။ခုလည်း နိုးတဲ့ချိန်က နောက်ကျနေပြီ
ဟိုဘက်က တစ်ယောက်လည်း ထွက်သွားပြီ ထင်တယ်။
ရေချိုးခန်းထဲမှာ တစ်ယောက်ထဲ သီချင်းတွေ အော်ဆိုကာ
အချိန်ကြာကြာ ရေချိုးနေခဲ့မိသည်။ပြန်ထွက်လာတော့ ခြေထောက်တောင် ယိုင်ကျချင်သွားမိ
Ohm Pawat ကုတင်ရဲ့ဘေးမှာ ရပ်ပြီး
ဘာတွေ ယူနေလဲ မသိ။
ဘယ်တုန်းက ရောက်နေတာလဲ??
သေချင်လိုက်တာနော်'ငါ အသံဆိုးနဲ့ အော်ဆိုနေတာ ကြားသွားပြီလား'
အတွေးထဲမှာ ဂယက်နည်းနည်းထသွားလေသည်။ခြေကို ဖွဖွနင်းပြီး အဝတ်ခန်းထဲကို ဝင်မလို အလုပ်
"ရေချိုးတာ အဲ့လောက်ကြာရအောင်
ခန္ဓာကိုယ်မှာ ဂျေးတွေ အရမ်းများနေလို့လား ""ဟို...ဟို..."
"အင်္ကျီမြန်မြန်ဝတ်တော့"
သူပြောစရာရှိတာ ပြောပြီးထွက်သွားလေသည်။
ရေချိုးတာ အချိန်ကြာတာ သိတယ်ဆိုတော့ အကုန်ကြားပြီပေါ့"အားယားးး ဒီနေ့မှ ဒီအခန်းထဲ ဘာပြန်လာလုပ်တာလဲ မသိဖူးးး"
ရှက်ပေမယ့်လည်း ကြားသွားပြီးပြီးဆိုတော့ မတက်နိုင်တော့ဖူး
အဝတ်စား ဝတ်ဖို့ပဲ ပြင်ဆင်လိုက်သည်။ ဒီထဲမှာတော့
သီချင်း ထပ်မဆိုရဲတော့ပါ။
YOU ARE READING
3.I Love You (Complete)