Part-12(Unicode± Zawgyi)

2K 128 25
                                    

I Love You 💚❤️
Unicode
Part-12

တံခါးခေါက်သံကြားပြီးတော့
Ohmရဲ့ ဝင်ခိုင်းလိုက်တဲ့အမိန့် အပြီးမှာ
အခန်းထဲကို ဝင်လာတာတော့ မိန်းကလေးတစ်ယောက် ။
ပုံစံက နိုင်ငံခြားရုပ် မျက်ခုံးမျက်လုံး လှလှနဲ့
ခန္ဓာကိုယ်တောင့်တောင့် ဖြောင့်ဖြောင့်
ဝတ်စုံက အပေါ်က ကုတ်နဲ့ အောက်က စကပ်အတိုအကြပ်
လမ်းလျှောက်တာက အစ စွဲဆောင်မှူ့ ရှိလေသည်။
ဘယ်သူများလဲ ဧည့်သည်လား ။ ပုံစံအ‌နေထားကတော့
ဧည့်သည်ပုံစံတော့ မဟုတ် ။ ကုမ္ပဏီကလူလား

"မယ်ရီ ဘာပြောစရာရှိသေးလို့လဲ"

"မရှိပါဘူး Sir , ဒီစာရင်းလာပေးရင်း
စောစောက ပြောခဲ့တဲ့ Projectကို စလုပ်ဖို့
အားလုံး ဆောင်ရွက်ပြီးပြီဆိုတာ လာပြောတာပါ "

ထိုင်းစကားပြောတတ်သားပဲ။
ကျွန်တော်ကတော့ ဘာမှ မသိတာမို့ သူတို့ကိုသာ
ဆက် ကြည့်နေလိုက်သည်။

" ကောင်းပြီ ထားခဲ့ပါ"

"ဟုတ်..."
စာရွက်တွေလာချပြီး အနောက်ပြန်ဆုတ်ကာ

"ဧည်သည်အတွက် လက်ဖက်ရည်လာချပေးရမလား Sir"

ဧည့်သည်.! ဒီတစ်ယောက်က ငါကို ဘယ်သူဆိုတာ မသိတာလား
Ohm Pawat မင်္ဂလာဆောင်ထားတာ မသိတာလား
ဧည့်သည်ဆို သူရပ်နေတဲ့ ဘေးက ခုံမှာ ထိုင်နေမှာပေါ့။ သူပြောလိုက်တဲ့ စကားအပေါ် ရုတ်တရက်ဝင်လာသောအတွေးတွေက
တစ်ခုမက

အဲ့တာနဲ့ အရင်ဆုံး ကျွန်တော် ဘေးမှာ ရပ်နေတဲ့ Ohmရဲ့လက်ချောင်းတွေကို လှမ်းကိုင်လိုက်ကာ လှုပ်ပြီး ခေါ်လိုက်သည်။
Ohmက

"ဘာလိုလဲ Nanon သောက်မလို့လား"

"No... မသောက်တော့ဘူး
ခု အခန်းကိုပဲ ပြန်တော့မယ်ဆိုတာ ပြောမလို့
ညစာကို စောစောဆင်းလာပြီး အတူစားမှာမလား"

"Nanon စားမယ့်ချိန် ဖုန်းလှမ်းဆက်လိုက်လေ
ဆင်းလာခဲ့မယ်"

ကော်ဖီသောက်မလားမေးတဲ့ တစ်ယောက်ကတော့
ကျွန်တော်တို့နှစ်ယောက် ပြောနေတာကို ရပ်ကြည့်နေလေသည်။

Ohmက ကျွန်တော်ကို ဖြေပြီးမှ

"ရပြီ မယ်ရီ Nanonက မသောက်တော့ဖူးတဲ့
ပြီးတော့ Nanonက ဧည့်သည်မဟုတ်ပါဘူး
ဒီကအိမ်သားလေးပါ ဟုတ်တယ်နော်"
Ohmက ကျွန်တော် မျက်နှာကို ပြန်ကြည့်ပြီး
အမေးစကားထောက်လိုက်လေသည်။
အဲ့လို ထပြောမယ်မှန်း မသိတော့ ဘာဖြေရမှန်း မသိပေမယ့်
စိတ်ထဲ သဘောတော့ ကျမိတယ်။

3.I Love You (Complete)Where stories live. Discover now