I Love You 💚❤️
Unicode
Part-29ဒီနေ့ အပြင်သွားရတဲ့ နေရာတွေ များတာမို့ အိမ်ပြန်ရောက်တာကိုက တော်တော်နောက်ကျမှ ရောက်လာခဲ့သည်။ ထိုအပြင် ခုထိ အခန်းထဲ မရောက်သေး။ ပုံမှန်ဆို Nanon က ဖုန်းဆက်နေကျကို ဒီနေ့တော့ ဖုန်းမလာခဲ့ ... ။ ကိုယ့်ဘက်ကနေ ခေါ်ထားတာလည်း မကိုင်။
....အခန်းထဲကို ဖြည်းဖြည်းလေး ဝင်လာခဲ့မိတဲ့ ကိုယ့်ရဲ့ပုံစံက အပြစ်လုပ်မိထားတဲ့သူနဲ့တောင် တူနေမလား ...
တကယ်တော့ ဆက်ထားသည့်ဖုန်းကို မကိုင်ထားသည်မို့ စိတ်က နည်းနည်းထင့်ချင်ချင် ဖြစ်နေသည်။
" နွန်...နွန်...ကျလိ ထောက်...ထောက်... "
ဝင်ဝင်ချင်း နေရာနဲ့ မလှမ်းမကမ်းမှာ နေရာပြောင်းထားတဲ့ ဂျစ်တူး .. လှောင်ချိုင့်ဘောင်တွေကိုပါ နှုတ်သီးနဲ့ ခေါက်နေတာ ...
" ရှူးးး "
ဂျစ်တူကတော့ ဖော်ကောင်လုပ်ပြီ ။ မီးတွေ ဖွင့်ထားသည့်မို့ Nanon လည်း မအိပ်သေးတာလား။" ဘာတွေ ရှူး လုပ်နေတာလဲ "
" ဟာ Nanon မအိပ်သေးဖူးလား "
အပြစ်မရှိလည်း အရမ်းငြိမ်နေတဲ့ အငွေ့သတ်တွေကြောင့် အသံက အလန့်တကြားဖြေမိသယောင်ယောင်ဒီနေ့မှ ထူးထူးဆန်းဆန်း အရုပ်နဲ့ မဟုတ်တဲ့ အနီရောင်ဗြောင် ညဝတ် အင်္ကျီဝတ်ထားလေသည် ... ရင်ဘက် ဟပြဲ ကို မီးရောင်ကျနေတာက ...
တစ်နေ့ကုန် ပင်ပန်းလာတဲ့ နေ့ကြီးမှာမှ အင်းးး ( စိတ်တွေလျော့လိုက်ရတဲ့ အခြေနေတခုနဲ့ သက်ပြင်းသံ )ကိုယ်အတွေးနဲ့ကိုယ် အမှောင်ခြမ်းရောက်နေတုန်းမှာ Nanon က
အနားကို လာပြီး အနံ့ခံသလို တစ်ရှုံ့ရှုံ့နဲ့ လာလုပ်နေသည်မို့" ကိုယ် အရက် မသောက်လာပါဘူး "
" ဘာနံ့တွေလဲ မသိဘူး ရလို့ "
ထိုစကားကြားတော့ ကိုယ့်ဘာသာတောင် ပြန် နမ်းကြည့်မိရင်း" ဆေးလိပ်နံ့တွေများလားး ဒီနေ့တွေ့တဲ့ နိုင်ငံခြားဧည့်သည်တွေက အနားမှာ ဆေးလိပ်တွေ သောက်သွားသေးတယ် "
" ဒီနေ့ တစ်နေကုန်လုံး နိုင်ငံခြား ဧည့်သည်တွေနဲ့ပဲ သွားတွေ့တာလား "
![](https://img.wattpad.com/cover/315269343-288-k698172.jpg)
YOU ARE READING
3.I Love You (Complete)