Part-20(Unicode±Zawgyi)

1.4K 97 20
                                    

I Love You 💚❤
Unicode
Part-20

" သူများအရာတွေ လိုက်ထိပါးနေရင် ကိုယ်ပိုင်တဲ့အရာတွေလည်း ထိပါးခံရနိုင်တယ် "

"သူများအရာတွေ လိုက်ထိပါးနေရင် ကိုယ်ပိုင်တဲ့အရာတွေလည်း ထိပါးခံရနိုင်တယ် "

" သူများအရာတွေ လိုက်ထိပါးနေရင် ကိုယ်ပိုင်တဲ့အရာတွေလည်း ထိပါးခံရနိုင်တယ် "

အမှောင်ထဲမှာ ဒီအသံဘယ်ကလာတာလဲ ??

" P'Ohm... P'Ohm.. Ohm "
အသံလာရာကို စိတ်မဝင်စားဘဲ
အမှောင်ထဲမှာ ရှာမိတာက P'Ohm ကို
ဘာလို့လဲမသိ ပျောက်နေတယ်လို့ ခံစားချက်တွေနဲ့အတူ
ရှာနေမိတယ်။

ခွပ်...ခွပ်

' အားး ဘယ်သူကိုသွားထိုးနေပြန်ပြီလဲ '

စိတ်ထဲမှာ P'Ohm ရန်ဖြစ်နေပြန်ပြီလို့ ထင်ကာ
ထိုးကြိတ်နေကြတဲ့ အသံတွေလာရာရှိ
အပြေးတစ်ပိုင်း သွားခဲ့ပေမယ့်
တကယ်တမ်း အနားရောက်တော့ အထိုးခံနေရတဲ့သူက
P'Ohm ...

ထိုး‌နေတဲ့သူက ခြောက်ယောက်ခုနစ်ယောက်လောက်ရှိမယ်
ဒါမှမဟုတ် အဲထပ်ပိုများမယ်။
မျက်နှာတွေကို မမြင်ရသလို
ကိုယ့်ရဲ့ ခန္ဓာကိုယ်ကြီးကလည်း အရှေ့တိုးလို့မရပြန်ဘူးးး

ထိုလူအုပ်စုရဲ့လက်ထဲမှာလည်း လက်နက်တွေနဲ့ ...
တစ်ယောက်တစ်ချက် ရိုက်နေကြတဲ့ခြားထဲကနေ
P'Ohm က ကျွန်‌တော့်ကို မေးနေလေရဲ့

" ဘယ်မှာလဲ Non ..
မင်းတို့ ဖြစ်ချင်သလို တစ်ယောက်ထဲလည်း လာပြီးပြီ
လိုချင်တာလည်း ပေးပြီးပြီ
Non ကို ထုတ်ပေးး ပြန်ပေးး "

P'Ohm ရဲ့ ဒေါသတကြီး အော်နေသံ

" P'Ohm ဒီမှာ Non
ဒီဘက်ကို ကြည့် ဒီဘက်မှာ "
ကိုယ်ဘယ်လို အော်အော် လှည့်မကြည့်လာ

ဘယ်မှာလဲကိုယ်ရံတော်တွေ
"B'Mike... B'Hom... AJ..."
အကူညီလာလို လာငြားး ခေါ်မိပေမယ့်
တစ်ယောက်မှ အရိပ်မျှပင်မတွေ့

မြင်နေရတဲ့ မြင်ကွင်းက TVကြည့်နေရသလို
TVထဲက သူက ကိုယ့်ကို မမြင်နိုင်သလို ...

ခဏနေတော့ ဗလ‌တောင့်တောင့်တင်းတင်း လူတစ်ယောက် မေ့မြောနေတဲ့ သူတစ်ယောက်ကို သယ်လာတယ်။ ဘယ်သူလဲ ။ တဖြည်းဖြည်းချင်းပေါ်လာတော့ မေ့မြောနေတဲ့ သူက ကျွန်တော်ဖြစ်နေတယ်။

3.I Love You (Complete)Where stories live. Discover now