Part-14(Unicode±Zawgyi)

1.8K 106 30
                                    

I Love You 💚❤️
Unicode
Part-14

အိပ်ပျော်နေရင်းနဲ့ ဘေးနားက
တအင်းအင်း ငြီးသံကြောင့် နိုးသွားခဲ့သည်။
ဘေးနားမှာ အိပ်ပျော်နေတဲ့ Ohm တစ်ယောက်
ဘာတွေအိပ်မက် မက်ပြီး ယောင်နေတာလဲ။

နဖူးမှာလည်း ချွေးတွေနဲ့ ငြီးငြူနေတဲ့အသံအပြင်
မသဲကွဲတဲ့ စကားသံတွေလည်း ကြားနေရတယ်။
မျက်လုံးထောင့်စွန်း နားထင်မှာလည်း
ချွေးတွေလား မျက်ရည်လား မသဲကွဲ။

" Ohm ... P'Ohm "
လက်မောင်းကို လှုပ်ပြီး
နာမည်ကို နောက်နှစ်ခေါက်လောက်ထပ်ခေါ်တော့မှ
ဆက်ခနဲ နိုးလားပြီး မျက်လုံးပွင့်လာခဲ့သည်။
မျက်နှာမှာ ခံစားချက်ပေါင်းဆုံ ဖြစ်နေတာကို
အတိုင်းသားမြင်နေရတယ်။

" အိပ်မက်ဆိုးတွေ မက်နေတာလား
ရေသောက်မလားး "
ချွေးတွေ ထွက်နေတာရော လန့်နေတာတဲ့ပုံပေါက်တာရောကြောင့်
မေးလည်းမေး ရေခပ်ပေးဖို့လည်း လုပ်မလို့ ကုတင်ပေါ်မှ အဆင်း

" Nanon... "

နာမည်ခေါ် ပြီး အနောက်ကနေ အုပ်ပြီးဖက်ထားရင်းနဲ့

" ဘယ်သွားသွား AJ JJတို့ကို ခေါ်သွားနော်
စိတ်ကျဉ်းကြပ်တာ သိပေမယ့် အဲ့လိုပဲ လုပ်ပေးပါနော် "
လို့ ပြောလာလေသည်။

ဘာအိပ်မက်ဆိုးတွေများ မက်တာလဲ။
ဘာတွေကို စိုးရိမ်နေတာလဲ။

" ဘာအိပ်မက်တွေ မက်လို့လဲ Ohm "
မေးတာကို မဖြေဘဲ ဖက်ထားတာသာ ပိုတင်းလာလေသည်။
ဒီလိုဖြစ်တာက ဒီည Bar မှာ ဖြစ်ခဲ့တဲ့ ကိစ္စနဲ့များ ဆိုင်နေသလား

" P'Ohm "

သူဖက်ထားတဲ့လက်ကို လက်နဲ့ယူ ဖယ်လိုက်ပြီး
သူ့ဘက်ကို မျက်နှာချင်းဆိုင်လိုက်တဲ့အခါ

" P'Ohm ဘာလို့လဲ  ငိုနေတာလား ဘာလို့လဲ "

" စောစောက ကိုယ်ပြောတာကိုပဲ နားထောင်ပေး
နားထောင်ပေးမယ်မလား "

" အင်းပါ ဘယ်သွားသွား ခေါ်သွားမယ်
ဘာတွေစိုးရိမ်နေလဲ မသိပေမယ့် မစိုးရိမ်ဘဲ ပြန်အိပ်လိုက်နော် "

P'Ohmရဲ့ပုံစံက တခြားချိန်တွေနဲ့ မတူဘဲ
စိတ်ထိခိုက်လွယ်နေတဲ့ ကောင်လေးတစ်ယောက်လို
ဖြစ်နေ‌တော့ အကြောင်းအရင်းကို နောက်မှပဲ
မေးတာကောင်းမယ်လို့ ဆုံးဖြတ်ကာ
ပြန်အိပ်ဖို့သာ ပြောလိုက်တော့သည်။

3.I Love You (Complete)Where stories live. Discover now