Part-21(Unicode±Zawgyi)

1.4K 95 19
                                    

I Love You 💚❤️
Unicode
Part-21

" အကိုလေး ဘာလုပ်စရာရှိလို့လဲ ကျွန်မကို ခိုင်းလိုက်ပါ
သခင်လေးသိရင် ကျွန်မတို့ အလုပ်ပြုတ်လိမ့်မယ် "

စားဖိုဆောင်ထဲမှာ ကျွန်တော်ကိုပြာပြာသလဲ
တားနေကြတဲ့သူများကြောင့် စိတ်ညစ်ပါတယ်။

" မဟုတ်ဖူး ကျွန်တော် ကိုယ်တိုင် လုပ်မှာမို့လို့
ကိုယ်လုပ်စရာရှိတာတွေ လုပ်ကြပါ "

ဟိုနေ့ထဲက ဝယ်ထားတဲ့ဟာတွေ တစ်ခုစီ ထုတ်ပြီး
စစ်နေရင်း တစ်ဖက်မှာလည်း သူတို့ကို ပြန်ဖြေေနေရသည်။

" အကိုလေးး "

"ရှူးးး မင်းတို့ လုပ်လို့မရဘူး
ကိတ်မုန့် လုပ်မှာ"

"ရှင် အဲ့တာဆို မုန့်လုပ်တဲ့ စားဖိုမှူးကို ..."

"မလိုဖူး ကိုယ်တိုင်လုပ်မှာ
ဒီနေ့ မင်းတို့ သခင်လေးမွေးနေ့
အဲ့တာ သူ့အတွက် ကိုယ်တိုင်ပဲ လုပ်ပေးမှာ "

"ရှင်..အဲ့တာ အဲ့"

ဒီ စားဖိုဆောင်ထဲက လူတွေက စကားတော်တော်များတာပဲ
လန့်တဲ့အသံတွေနဲ့ တရှင်ရှင် ဖြစ်နေတာ သူသခင်လေး အလုပ်မထုတ်ဘဲ ငါပဲ ထုတ်မိတော့မယ်။

" ဘာဖြစ်ပြန်ပြီလဲ "

" ဖြစ်ပါ့မလား အကိုလေး ကျွန်မတို့ ကြားဖူးတယ် သခင်လေးက သူ့မွေးနေ့မှာ လုပ်ပေးတဲ့ ကိတ်မုန့်တွေကို လွှင့်ပစ်တတ်တယ်လို့ "

အဲ့စကားကြားတာ ဆက်လုပ်ရမလား ရပ်လိုက်ရမလား
ခဏတာတွေဝေသွားခဲ့မိတယ်။

" အကိုလေး ဘယ်လို ဆက်လုပ်မလဲ "

" ရတယ် လုပ်ဖို့ အားလုံးက အဆင့်သင့် ဖြစ်နေပြီဆိုတော့
ဆက်လုပ်လိုက်မယ် ဖြစ်တဲ့ပြဿနာ ကျွန်တော် ရှင်းမှာမို့
စိတ်မပူကြနဲ့ လိုအပ်တဲ့ပစ္စည်းနေရာတွေ ပြခဲ့ပြီး
လုပ်စရာရှိတာ သွားလုပ်ကြတော့"

" ဟုတ်ကဲ့ "

နောက်ဆုံးတော့ ထွက်သွားကြပြီး သူတို့ ထွက်သွားကြပြီဆိုတော့
ကျွန်တော့်ရဲ့ ကိတ်မုန့် လုပ်တဲ့ လုပ်ငန်းကို စတင်ခဲ့လိုက်သည်။

ကျောင်းတတ်ထဲက သင်ခဲ့ဖူးတဲ့ ကိတ်မုန့်ဖုတ်တာကို အသုံးမပြုတာတောင် ကြာနေခဲ့ပြီ။ တခြားအချက်ပြုတ်တွေသာ မလုပ်တတ်ရင် မလုပ်တတ်မယ် ကိတ်မုန့်တော့ ကောင်းကောင်း လုပ်တတ်ခဲ့တယ်။
ဝါသနာပါလို့ပဲလား မသိ။

3.I Love You (Complete)Where stories live. Discover now