Part-23(Unicode±Zawgyi)

1.5K 86 20
                                    

I Love You 💚❤️
Unicode
Part-23

တီ..တီ...တီ

" Hello ပြော Porm "

" ငါတို့ အစီစဉ်ကို မင်း ခုထိ အကြောင်း မပြန်သေးဘူးနော် Markက သူမေးရလွန်းလို့ စိတ်ကုန်နေပြီတဲ့ "

" ဟားး ဟားး ပြောမှာပေါ့ အဲ့ကောင်ကိုက လောနေတာ "

" အမြဲတမ်း မင်းကအရင် တက်ကြွနေတာကို ခုမှငြိမ်နေတော့ သူလည်း စိတ်တိုနေမှာပေါ့ "

" သွားဖြစ်ဖို့က 90% ပါ
တစ်ခုပဲ P'Ohm ကိုပါ ခေါ်လာမလို့"

" ဟိတ်ကောင် "

" ဘာလဲ "

" မဖြစ်ဖူးနော် မင်းယောကျာ်းကို ကြောက်တယ်
အဲ့ရောက်မှ ငါတို့ ငြိမ်ကုတ်နေရမယ့် အဖြစ်ကျတော့လည်း မဖြစ်ချင်ပြန်ဘူး "

Pormရဲ့ အလန့်တကြား ငြင်းသံကြောင့် ရယ်ချင်စိတ်ကို တင်းထာရတယ်။ သူတို့တောင် ကြောက်ပြီး ငါ့ကျ ယကကနဲ့ ခေါ်နေကြတာ။ ကြောက်လည်း ကြောက်ချင်စရာပါပဲ တခြားသူတွေနဲ့ဆို P'Ohm ကတည်တယ်၊ လူကြီးဆန်တယ် စကားပြောရင် အများကြီးတွေပြောမနေဘဲ ခပ်ပြတ်ပြတ် ပြီးရင်လည်း သူ့ တပည့်တွေက ဘယ်နေရာမှာမဆို ရိုကျိုးနေကြတော့ ဘေးလူတွေပါ ကြောက်ပြီပေါ့။

" ကြောက်စရာမရှိပါဘူး ချစ်စရာကြီးကို "

" တော်တော်ကို ဖြစ်နေတာပဲ "

" ဟားးဟားး မင်းတို့ မကြောက်အောင် ပြောပြတာပါ
ခေါ်လာမယ် ဆိုတာက P'Ohm က သူပါရင် ပိုလွှတ်မှာ ဖြစ်သလို သူ့ကိုလည်း အတူလိုက်စေချင်တာကြောင့် "

" အတူပါလာစေချင်တယ်လို့ပဲ ပြောပါ "

" အေးးး ဟုတ်တယ် ရပြီလားး
သူပါလာလည်း မင်းတို့ နေချင်သလို လွတ်လွတ်လပ်လပ်နေ
သူ့ကိုလည်း ငါတို့ပုံစံ လုပ်ပစ်မယ် တစ်ရက်တစ်လေလောက် သူ့ကမ္ဘာကနေ ဆွဲထုတ်မလို့ "

" ဟုတ်ပြီ မင်းစိတ်ကူးနဲ့ မင်းဆိုတော့လည်း အဲ့အတိုင်းပေါ့
အဲ့တာဆို ငါတို့ စီစဉ်ထားလိုက်တော့မယ် "

" အင်း အရင်နှစ်ကအတိုင်းပေါ့ တစ်ခုပဲ ဒီနှစ်တော့ မင်းတို့ နာမည်နဲ့ပဲ စီစဉ် ငါတို့ နာမည် မထွက်ချင်ဘူး ဘယ် မီဒီယာမှလည်း မတွေ့ချင်ဖူးကွာ "

3.I Love You (Complete)Where stories live. Discover now