I Love You💚❤
Unicode
Part-2🌠လွန်ခဲ့သော 2 လခန့်က
ကျွန်တော် သူငယ်ချင်းတွေနဲ့ အလုပ်ကိစ္စအချို့
စကားပြောပြီးအိမ်သို့ ပြန်လာခဲ့သည်။
အိမ်ရှေ့နားရောက်တော့ အိမ်ထဲ ကားဝင်လို့ မရအောင် ကားနှစ်စီး ရပ်ထားလေသည် ။အဲ့တာနဲ့ ကားပေါ်က ဆင်းပြီးကြည့်လိုက်တော့
အိမ်ရှေ့ ခြံဝမှာ လူနှစ်ယောက်ရပ်နေတယ်။
ပုံစံတွေက အပေါ်အမဲ အောက်အမဲနဲ့ ဂိုဏ်းတစ်ခုခုကလိုလို
ငါ ရုပ်ရှင်ကားထဲရောက်နေတာလား!ကားရွှေ့ဖို့ စကားလည်း ပြောရမှာဆိုတော့
နည်းနည်း လန့်ပေမယ့် သူတို့ရှေ့ရပ်ကာ အရဲစွန့်ပြီး စကားပြောလိုက်သည်။"အကိုတို့ ကားတွေမလား"
"ဟုတ်ကဲ့ပါဗျ"
ဟူးးး စကားပြန်ပြောတာတော့ ယဉ်ကျေးသားပဲ"ကျွန်တော် ဒီအိမ်ကပါ ကျွန်တော့်ကား အထဲသွင်းရမှာမို့
အရှေ့က ကားဖြစ်ဖြစ် နည်းနည်းဖယ်ပေးပါ""အော် ဟုတ်ကဲ ခဏစောင့်ပါနော်"
"သွား သခင်လေးကားမောင်းပေးတဲ့သူကို သွားခေါ်လာခဲ့.."
ကျွန်တော်နဲ့စကားပြောတဲ့သူက သူ့ဘေးကတစ်ယောက်ကို တီးတိုးပြောကြားနေလေသည်။ကျွန်တော်လည်း ကားထဲ ပြန်ဝင်လာပြီး သူတို့ ရွေ့ပေးမှာကို စောင့်နေလိုက်သည်။ ခဏကြာတော့ ရောက်လာပြီး ရွေ့ပေးတာမို့
ကျွန်တော့်ကားလေးလည်း အိမ်ထဲက ကားဂိုဒေါင်ထဲသို့...ခြံနားမှာတင်မဟုတ်ဘူးအိမ်ရှေ့အပေါက်မှာလည်း
နောက်ထပ် နှစ်ယောက်
ဒီလူတွေ အရင်က တစ်ခါမှ မတွေ့ဖူးသလို
လာလည်း မလာဖူးပါဘူး
ဘယ်သူတွေလဲ !အိမ်ထဲရောက်တော့ ဧည့်ခန်းဘက်ကို ကြည့်လိုက်တာ
အဖေနဲ့ ဧည့်သည်တစ်ယောက်နဲ့ ထိုင်နေတယ်။ညီမလေးက ကိုယ့်ရှေ့ကနေ ကော်ဖီတွေ
သယ်သွားတာ တွေ့တော့ သူကိုလှမ်းပြီး
"ဘယ်သူတွေလဲ"
"အဖေ အလုပ်ထဲက ရှယ်ယာဝင် အသစ်ဆိုလား
သေချာတော့မသိဘူး အရှိန်အဝါကတော့ ခပ်ကြီးကြီးပဲ"
တိုးတိုးလေးပြောပြီး ဧည့်ခန်းထဲ ဝင်သွားလေသည်။
ဒီလောက်လူတွေနဲ့ လာတာမှ အရှိန်အဝါမကြီးရင်လည်း ...
YOU ARE READING
3.I Love You (Complete)