I Love You 💚❤️
Unicode
Part-27" အဖေ ဘယ်လို လုပ်လိုက်တာလဲ "
ကိုယ်စီစဉ်ထားတဲ့ ကိစ္စက ကိုယ်စီစဉ်တာနဲ့ တလွဲ" ဘာတွေဖြစ်နေတာလဲ ငါ့သား လုပ်မယ့်လုပ်တော့ မထိတထိ လုပ်မနေနဲ့ "
" အဲ့တာ အိပ်နေတဲ့ကျားကို ဘေးကနေ
အသံလောက်နဲ့နှောက်ယှက်တာမဟုတ်ဘဲ
အမြီးသွားနင်းလိုက်သလိုပဲ အဖေ
ပြေးလို့တောင် လွတ်မှာမဟုတ်ဘူးး "ဒီတိုင်း ချိန်းခြောက်ရုံလောက်ဆိုရင် Ohm Pawat က သူ့အချစ်တော်လေး ထိခိုက်မှာစိုးရိမ်ပြီး လုပ်နေတဲ့ လုပ်ငန်းတွေကို ကိုယ်တွေနဲ့တိုက်ရိုက်မတွေ့ဘဲ ပတ်ရှောင်ကောင်း ပတ်ရှောင်နိုင်တယ်လေ။ ခုတော့ အဖေလုပ်ရပ်က ပတ်ရှောင်မှာ မဟုတ်ဘူး ဒဲ့ကို လာ တိုက်တော့မှာ ။ ပြီးတော့ ဟိုကောင်လေး .. ကျစ်!
" မင်းက လက်စသတ်တော့ အရှုံးသမားပဲ
သူက ကျားဆို မင်းက ခြင်္သေ့လုပ်လိုက်လေ
အဲဒါကို ခုလို စိတ်ထဲကနေ ကြောက်နေလို့ မင်း အမြဲရှုံးနေတာကွ "လာပြီ ဒီစကားတွေ ငယ်ငယ်ထဲက နားထဲမဆန့်အောင် ကြားခဲ့ရတာ
' မင်းက စောက်သုံးကို မကျဘူး'
' မင်း Ohm Pawat နောက်မှာပဲ နေ '
' ဒါလေးတောင် မနိုင်ဘူးလား မင်း ငါ့ သားဖြစ်နေတာ ရှက်တယ် '
' မင်းက အရှုံးသမားပဲ '
ဒီစကားတွေက ကြာလာတော့ Ohm Pawat နာမည်တောင် မကြားချင်လောက်အောင် မုန်းလာတယ်။ ကိုယ်ဝါသနာပါတာ မလုပ်ရ။ အေးအေးဆေးဆေးလေ ကြိုးစားခဲ့ရင်တောင် တခြားသူထက် မနိမ့်တဲ့ တော်တဲ့သူ တစ်ယောက်ပဲ ဖြစ်လာနိုင်တဲ့သူတစ်ယောက်ပဲ။
သို့သော် ကိုယ့်ရဲ့ ငယ်ဘဝကနေ ခုထိ စိတ်ထဲမှာ တစ်ခုပဲ ရှိတယ် Ohm Pawat ကို ပြိုင်ရမယ် နိုင်ရမယ် သူကို ထိုးချရမယ်။ကြိုးစားလေ အဲ့တာတွေက ကိုယ့်ပဲ ပြန်ထိခိုက်လေ။
" ကြောက်တာမဟုတ်ဘူး အချိန်မတန်သေးတာ
ပြီးတော့ အဖေ ကျွန်တော် လုပ်တာတွေကို ယုံကြည်ပေးလို့မရဘူးလား ကျွန်တော် ရွေးချယ်တာကို စောင့်ကြည့်ပေးလို့ မရဘူးလား
ဟုတ်ပါတယ် ကျွန်တော်က အရှုံးသမားပါ အဲ့တာတွေကလည်း အဖေကြောင့် ဆိုတာရော သိရဲ့လားး "
YOU ARE READING
3.I Love You (Complete)