I Love You 💚❤️
Unicode
Part-19ကိုယ်ပိုင် ဒီဇိုင်နာရဲ့ အပြင်အဆင်နဲ့အတူ အနီရောင် ပွဲတက်ဝတ်စုံ
ရင်ဖက် ဟ ထားတာတောင် သူသာဟထားပြီး
ကိုယ်ကတော့ အဖြူခံနဲ့'ကိုယ်က အဟ ပေမယ့် စေ့နေအောင် ဝတ်ထားမှာ'က
ပါသေးတယ်။ တရားကျဖို့ ကောင်းလိုက်ပါဘိ" ပြီးပြီလား Non "
" ပြီးပြီ "
" အဲ့တာဆို စ ထွက်ကြတာပေါ့ "
အိမ်မှာ တစ်ခါလောက်လိုက်သွားပြီးထဲက
အဖေ ဘယ်လို ခေါ်ခေါ် မလိုက်ဘူး ငြင်းခဲ့တဲ့ ပွဲတွေ
ခုတော့ တက်ရောက်ရဦးမယ် ။ပျော်ပွဲရွှင်ပွဲလိုလို အပန်းဖြေကြတာလိုလိုနဲ့ စီးပွားရေးအကြောင်းတွေပဲ ဆွေးနွေးကြတဲ့ပွဲ ပျင်းဖို့ တကယ်ကောင်းတယ်။
ပွဲကျင်းပရာ နေရာကို ရောက်တော့ B'Mike တို့က ကားတံခါး ဖွင့်ပေးတယ်။ P'Ohmနဲ့ သွားနေကျသူများသာ ခေါ်လာသည်မို့
Ajနဲ့ JJတော့ ပါမလာခဲ့။ပွဲရဲ့ သက်မှတ်ထားချက်အရ
လိုက်ပါလာကြတဲ့ အနောက်က
အစောင့်ရှောက်တွေအားလုံးကတော့
ပွဲပြင်ပမှာသာ နေခဲ့ကြရသည်။ပွဲတက်ရောက်ရမည့် သူတွေသာ အထဲ ဝင်ကြရတာမို့
P'Ohmနဲ့ ကျွန်တော်လည်း ပွဲရဲ့ လျှောက်လှမ်းအတိုင်း
ဝင်လာခဲ့ကြသည်။ကိုယ်တွေ စရောက်ထဲက ကင်မရာ အားလုံးက
တခြားသူတွေရှိမှာ မရှိတော့ဘဲ
ကိုယ်တွေ နှစ်ယောက်ရှိသာ အားလုံးစုပြုံလာကြတယ်။
ထို့ကြောင့် အလင်းရောင် တဖျက်ဖျက်တွေကလည်း
မျက်လုံးကို တိုက်ရိုက်
ကင်မရာသမားတွေ သတင်ထောက်တွေတင်မဟုတ်
လူအချို့ရဲ့ အကြည့်တွေလည်း ရှိနေမည်ထင်တယ်။
ယောကျာ်းလေးနှစ်ယောက်ဖြစ်ပေမယ့် ဘယ်လိုတောင်
လိုက်ဖက်ကြတာလဲ ဆိုတဲ့ အသံအချို့ကိုလည်း ကြားနေရတာမို့" မျက်လုံး အရမ်းစူးနေလား "
ကျွန်တော့လက်ကို သူ့လက်မောင်းပေါ် ချိတ်ယူလိုက်ကာ
မေးလာတဲ့ P'Ohm" နည်းနည်း "
ကျင့်သားရအောင် လုပ်ရတော့မှာပဲ
ဒီအသိုင်းဝိုင်းထဲမှာ ဒီလို အခြေနေက ခဏခဏ တွေ့ရနိုင်တယ်။
မင်္ဂလာဆောင်ထဲကလည်း ကိုယ့်ကို အကြီးအကျယ်
ပွဲထုတ်ထားခဲ့တာဆိုတော့ ခဏခဏ သူနဲ့အတူ ပွဲတွေက
တက်ပေးရဖို့ ဖြစ်လာမှာက မလွဲဧကန်ပဲလေ။
YOU ARE READING
3.I Love You (Complete)