I Love You 💚❤️
Unicode
Part-22နှာခေါင်းထိပ်လေးကို နှာဖျားလေးတစ်ခုနဲ့ ထိလိုက်တာကို ခံစားရတယ်။ ပြီးတော့ ဘယ်ဘက်ပါးလေးကို နူးညံ့သလိုခံစားရတဲ့
အထိတွေ့ တစ်ခု ။ သေချာပါတယ် ပါးချင်းကပ်လိုက်တာ။ ဘယ်လိုသော အထိတွေ့တွေကို ခံစားသိရှိနေပေမယ့်လည်း မျက်လုံးတို့က ဖွင့်ကြည့်ဖို့လေးလံ နေခဲ့တယ်။ ခန္ဓာကိုယ်ထဲက ထွက်သမျှလေတွေက အပူငွေ့တွေသာ။"အားး ဖျားနေပြီ ပူကျစ်နေတာပဲ "
"...."
" Non တစ်ခုခုထစားဖို့ လုပ်ဦးလေ "
" အွန်းး "
" ကိုယ်ချီရမလားး "
" ဟင်းးးအင်းး ချီနိုင်မယ် အခြေနေမှ မဟုတ်တာ "
" သိသေးသားပဲ .. အဲ့တာကို ထဖျားတော့ တစ်ယောက် "
" ခေါင်းခြောက်အောင် မသုတ်မိတာရော
သိတဲ့အတိုင်း ဟိုဘက်အခန်းကြီးက အရမ်းအေးတာရောနဲ့
အခန့်မသင့်လို့ ဖြစ်သွားတာပါ "တကယ်လည်း အစောပိုင်ထဲက ဖျားချင်နေတာ။
မဖွင့်နိုင်တဲ့ မျက်လုံးတွေကို အားယူဖွင့်ကြည့်ပြီး အကြောင်းပြချက်များအား ရှင်းပြနေရပါ၏။ မဟုတ်ရင် ညက သူကို ကိုယ်က ဦးဆောင်ပြီး တပြောင်တပြန် ဖြစ်သွားတဲ့ ကိစ္စကြောင့် ဖျားတာဆိုပြီး အမြဲလိုလို ပြန်အစဖော်လာတော့မှာလေ။" ဟုတ်ပါပြီ တစ်ခုခုစားဖို့က ဘာစားချင်လဲ
ဆန်ပြုတ်သောက်မလား "" ဟင့်အင်း ဆန်ပြုတ် အရမ်းမုန်းတယ်
ခေါက်ဆွဲပြုတ်ပဲ သောက်မယ် ထမင်းရော စား.... "" ထမင်း မစားရပါဘူးး "
" ဟွန်း အဲ့တာဆို ကြက်ဥတွေရော အသားလုံးတွေရော ထည့်ပြီး ပြုတ်ပေးပါလို့ "
" အိုခေ ဖြစ်စေရမယ် အစားကြီးတဲ့ ကလေးလေးရေ "
ခေါင်းတွေကိုက်နေတဲ့ ခြားကနေ ပြုံးဖြစ်အောင် ပြုံးမိသေးတယ်။
P'Ohm တစ်ယောက် ဖုန်းလှမ်းဆက်ပြီ မှာနေသံတွေက ကြားတစ်ချက် မကြားတစ်ချက်။ ဘေးမှာပဲ ပြောနေတာဆိုပေမယ့် အိပ်ပျော်လိုက် မပျော်လိုက်ဖြစ်နေသလိုလို
YOU ARE READING
3.I Love You (Complete)