Part-28(Unicode±Zawgyi)

1K 73 24
                                    

I Love You 💚❤
Unicode
Part-28

" မှီ... မှီ... ဂါဖီးရေ... ဘယ်ရောက်နေလဲ...

.... မနေ့ထဲက ကိုယ့်အကို အိမ်ပြန်လာတာကို လာကြိုတာ မရှိဘူး
ခုလည်း အရိပ်တောင်မမြင်ရဘူး ...

.... ဘာလဲ ...တစ်ယောက်ထဲ ထားခဲ့လို့ ...စိတ်ကောက်နေတာလား ...

.... သားလေးရေ .. ဂါဖီးရေ .... Cat Food တွေလည်း လာမစားဘူး ....

...ဘယ် အလည်လွန်နေလဲ "

သူ ဒီရောက်လာထဲက အခန်းတံခါးပိတ်ထားလည်း သူဝင်လို့ရအောင် တံခါးအောက်လေးမှာ ဖောက်ပေးထားတာ။ အရင်ကဆို လျှောက်သွားရင်တောင် Cat Food ထည့်ထားတာတွေ လျော့နေပါတယ် ခုတော့ ပြန်တောင်မလာဘူးလားး။

" JJ အပြင်တွေမှာရော တွေ့မိသေးလား "

" အိမ်ပြန်ရောက်လာထဲက ဂါဖီးကို မတွေ့မိသေးဘူးလားလို့ "

" ဟုတ်တယ်နော် ဘာလို့ပါလိမ့် "

" ခဏလေး ကျွန်တော် သွားရှာပေးမယ် P' အခန်းထဲမှာ လျှောက်တော့ မသွားနဲ့နော် "

" အင်း တွေ့ရင် တစ်ခါထဲ ခေါ်လာခဲ့"

" ဟုတ် "

ဒီရောက်မှ အကျင့်တွေပဲ ပျက်သလား အရင်ကဆို တစ်ရက်နှစ်ရက် ခရီးသွားပြီး ပြန်လာတာနဲ့ အနားကနေမခွာပဲ လိုက်ချွဲနေတာ။
'လွမ်းနေတာလား' မေးတိုင်း 'မြောင် မြောင်' နဲ့ ပြန်‌ပြန်ပြောရတာ အမော ခု ဘယ်တွေကို ရောက်နေလဲ ။

××

" ဟင်... Nanon သူ့ကြောင်ကိုရှာနေတယ် "

"...."

" အေးအေး ဘာမှ မပြောထားနဲ့ဦး ခုပဲ ဆင်းလာခဲ့မယ် "

ဆေးရုံ ဆင်းဆင်းချင်းမှာ ထိုအကြောင်းကိစ္စကို မပြောပြချင်သေးတာကြောင့် အာရုံမရောက်အောင်တောင် စကားတွေကို ထိန်းပြောနေခဲ့တာ။ ခု ရှာနေပြီဆိုတော့ ကိုယ်တိုင် ပြောပြတာ အကောင်းဆုံး ဖြစ်လိမ့်မည်။

လာနေတဲ့ အလုပ်ဖုန်းတွေကို ကိုင်မနေတော့ဘဲ အောက်ကိုသာ ပြေးဆင်းလာခဲ့လိုက်တော့သည်။
.
.
.

" P'Ohm ဘာကျန်ခဲ့လို့ ပြန်လာယူတာလဲ "
ဘာမှ မသိရသေးတဲ့ မျက်နှာလေးကို ကြည့်ပြီး ကိုယ့်မှာ စကားလုံးတွေပျောက်ရှရတယ်။

3.I Love You (Complete)Where stories live. Discover now