I Love You 💚❤️
Unicode
Part-32" ဒီနေ့လည်း တစ်နေကုန်သွားပြန်ပြီ P'Ohm...
ချော့မယ့်သူ မရှိတော့ Non ဘယ်သူ့ကို စိတ်သွားကောက်ရမလဲ "" Non ကို စိတ်ပြန်ကောက်နေတာလား "
" Non ကို အချိန်ပေးပါ့မယ်ဆိုတာ ဒီလိုမျိုးလား "
"P'Ohmရဲ့ အလုပ်တွေ မလုပ်တတ်ဘူးနော် အားလုံး ဒေဝါလီခံရတော့မယ် သိရဲ့လား"
" Non အသံကို ကြားနေပါစေလို့ မျှော်လင့်တယ် .. "
" Non တောင်းပန်တယ်နော် စိတ်ထဲမှာ ကြိတ်ပြီး သူများနဲ့ အထင်လွဲခဲ့မိလို့"
" အတူတူနေနေပြီး P'Ohm ကျန်းမာရေးမကောင်းတာတောင် မသိခဲ့ဘူး Non တော်တော်အသုံးမကျတာ "
" ဦးလေးဖန်း ပြောတယ် ဂျစ်တူးတောင် Non တို့ နာမည်တွေ အော်ခေါ်နေတယ်တဲ့ "
" Non အသက်ရှင်နေသေးတယ် P'Ohmရဲ့ "
ဒီစကားလေးမှာတော့ အသံအနည်းငယ် တိမ်ဝင်သွားခဲ့တယ်။Heart Attack ဖြစ်ပြီး ဆေးရုံရောက်လာတဲ့ P'Ohmကို ချက်ချင်း ခွဲစိတ်မှု့လုပ်ခဲ့ရသည်။ ခွဲစိတ်မှု့က အောင်မြင်သွားပေမယ့် လူနာကတော့ ခုထိ ပြန်မနိုးလာသေးတာ နှစ်ပတ်နီးနီးရှိခဲ့ပြီ။လူနာရဲ့ စိတ်က ရှင်သန်ချင်စိတ် နည်းနေတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ ခွဲစိတ်ပေးထားတဲ့ ဆရာဝန်ကြီးက ကောက်ချက်ချလေသည်။ နောက်ဆုံးမြင်ခဲ့ရတဲ့ စိတ်ခံစားချက်အရဆိုရင် ဒီစကားဟာ လုံးဝ ကျိန်သေဖြစ်နိုင်တာမို့ ကျွန်တော် အသက်ရှင်နေသေးကြောင်း နေ့တိုင်းလိုလို အချိန်တိုင်းလိုလို ပြောပြမိတယ်။
ထိုနေ့တုန်းက...
စိတ်ထိခိုက်ပြီး သာမာန်မေ့မြောသွားတယ်ပဲ ထင်ခဲ့ပေမယ့် ဆေးရုံရောက်တော့ P'Ohm ခွဲခန်းထဲမှာပါဆိုတဲ့ အကြောင်းအရင်ကြားလိုက်ရတယ်။
" P'Ohm အခြေနေတော်တော်ဆိုးလို့လား
ဘာလို့လဲ ဘာဖြစ်သွားခဲ့တာလဲ ပေါက်ကွဲတာကနေ တစ်ခုခုများ လာထိ... "" အကိုလေး စိတ်အေးအေးထားပါ "
" ဟင့်အင်းး ဘာလို့ ခွဲစိတ်ရတာလဲ ဘာလို့ "
" အကိုလေး ခြေထောက်ကို အရင် ဆရာဝန်နဲ့ပြရအောင် ပြီးရင် ကျွန်တော် အားလုံးပြောပြပါ့မယ် "
YOU ARE READING
3.I Love You (Complete)