Part-5(Unicode±Zawgyi)

1.8K 112 31
                                    

I Love You 💚❤
Unicode
Part-5

ရက်တွေဟာ မြန်လိုက်တာ တဖြည်းဖြည်းနဲ့
လက်ထပ်ရမယ့်နေ့ကို နီးကပ်လာလေပြီ။
မင်္ဂလာပွဲအတွက် ဝတ်စုံတိုင်းပြီးပြီ ၊ ပုံအချို့ရိုက်ပြီးပြီ
ပြီးတော့ လက်စွပ်လည်း မှာယူခဲ့တယ် ။
ဒါတွေကို ဟိုတစ်ပတ်က တစ်ရက်ထဲနဲ့အပြီး လုပ်ဆောင်ခဲ့သည်။

ဒါတွေကတော့ ကျွန်တော်မပါရင် မဖြစ်တာမို့
ပြောတဲ့အတိုင်းလိုက်လုပ်ပေးခဲ့လိုက်သည်။
အမြန်ပြီးအောင်လုပ်နိုင်ခဲ့တာပဲ ကျေးဇူးတင်တယ်။

အဲ့နေ့က လက်စွပ်ဝတ်ပေးရင်း ကြားလိုက်ရတဲ့
စကားက မထင်မှတ်ထားတာကြောင့် အံဩမိခဲ့သေးသည်။
အဲ့ချိန်ခဏလေးအတွင်း နူးညံ့သွားသလို
ခံစားလိုက်ရတာကြာင့် ခဏလေးပါပဲ တကယ့်ခဏလေးပါ။
ပြီးတော့လည်း တကယ့် ဒုံရင်း အမိန့်ပဲပေးနေတဲ့သူအဖြစ်
ပြန်တွေ့လိုက်ရတာပါပဲ ။
အဲ့တာကသာ သူရဲ့ မူရင်းလူ အစစ်ပဲလေ။
ယူသွားမယ့် ပစ္စည်းတွေကို ထုတ်ပိုးရင်း
အရင်အပတ်ကအကြောင်းကို တွေးမိနေလေသည်။

အခုထိ မင်္ဂလာရက်သာသိရပြီး ဘယ်မှာလုပ်မယ်
ဘယ်လို အစီစဉ်ဆိုတာ မသိရသေး ။
သူလည်းမပြော ကိုယ်လည်း မမေးခဲ့ ။
ဒီနေ့ နေ့လယ်ကတော့ ဖုန်းဆက်တယ် ။
မနက်ဖြန် အထုတ်ပိုးတွေသယ်ဖို့နဲ့
ကိုယ်တွေမိသားစုကို သူအိမ်မှာ ထမင်းစားလာဖို့
လူလွှတ်လိုက်မယ်တဲ့။ သူပြောခဲ့တဲ့ တစ်ပတ်ကွက်တိပဲ ...

"P' ဂါဖီးကို ခေါ်သွားမှာလား"
Nonnieက ကျွန်တော့်ကြောင်
အဝါကြားကြီးကို ‌ချီလာပြပြီး မေးလေသည် ။

"ခေါ်သွားမှာပေါ့ ဒါမယ့် ခုတော့ မပို့သေးဘူးလေ
အဲ့မှာ သွားနေတော့မှ "

"ဟုတ် တကယ်တော့ ဒီကြောင်က
nonnieကြောင်ဆိုလည်း ဟုတ်တယ်နော်
ဒါပေမယ့် P' ကို ပေးလိုက်ပါ့မယ်
မင်္ဂလာလက်ဖွဲ့အဖြစ်လို့ သဘောထားလိုက်"

"အော် ကျေးဇူးတင်ပါတယ်ဗျာ ... "

"ဟီးဟီး
ဒါနဲ့ P'Ohmကရော ကြောင်ချစ်ပါ့မလား
ခေါ်သွားလို့ရပါ့မလား"

"သူမချစ်ဘူးဆို 5ကောင်လောက် ခေါ်သွားချင်တယ်"

"P'Nonတို့က လုပ်ပြီ
မှတ်လည်း မမှတ်ဘူး "

3.I Love You (Complete)Where stories live. Discover now