Lisa's Pov
"သေပြီပဲ။ ငါတော့ဒုက္ခအကြီးကြီးရောက်ပြီ" Lisa ကိုယ့်ကိုကိုယ်တွေးလိုက်ပြီး တံခါးကိုစောင့်ပိတ်လိုက်တယ်။ အိပ်ယာ ပေါ်ပစ်လှဲလိုက်ပြီး မျက်လုံးအဝိုင်းသားနဲ့ မျက်နှာကြပ်ကို ကြည့်နေမိတယ်။
"Fuck" Lisa ရေရွတ်လိုက်တယ်။ အခုထိ ခုနကနမ်းခဲ့တဲ့ သူမနှုတ်ခမ်းအရသာလေးကို ရနေသေးတယ်။ "သူမက မင်းအကိုနဲ့လက်ထပ်တော့မှာအရူးရဲ့"။ Lisa အတွေးတွေကို ရပ်လိုက်ချင်ပေမယ့်လဲ ရပ်လို့မရဘူးဖြစ်နေတယ်။ ပထမ ဆုံးအကြိမ်စတွေ့ကတည်းက သူမကနှလုံးသားထဲက မီးတောက်လေးတစ်ခုလိုပဲ။ သူမကအရမ်းကြည့်မဝ ဖြစ်နေပြီး အကြည့်မလွှဲနိုင်ဘူးဖြစ်နေတယ်။
"Lisa ဒါအရမ်းမှားတယ်" ကိုယ်ကိုကိုယ်ထပ်တွေးလိုက်မိတယ်။ ဒါမှားနေမှန်းသိပေမယ့် သူမကိုအရမ်းလိုချင်နေတယ်။ ဖိနပ်ကိုကန်ချွတ်လိုက်ပြီး အိပ်ယာကိုပြန်ပြင်လိုက်တယ်။ ပြီးတော့ အိပ်ပျော်ဖို့ကြိုးစားလိုက်တယ်။ ဒါပေမယ့် Jennie အကြောင်းပဲတွေးမိနေပြီး မိုးလင်းသွားခဲ့တယ်။
Lisa အိပ်ယာကထလိုက်ပြီး ရေချိုးခန်းဘက်ထွက်လာခဲ့တယ်။ ဒီနေ့အတွက် Hanbin နဲ့အစီအစဉ်ဆွဲထားကို သတိရမိ တယ်။ တစ်ကယ်တော့ Lisa အိမ်ကိုပြန်လာတာမဟုတ်ပဲ Seoul ကပြဿနာတွေကနေ ထွက်ပြေးလာတာဖြစ်တယ်။
"Good morning" Lisa မီးဖိုခန်းဘက်လျှောက်လာရင်း Hanbin ကိုနှုတ်ဆက်လိုက်တယ်။
"ကားဂိုဒေါင်ကို ဆေးသုတ်ဖို့အဆင်သင့်ဖြစ်နေပြီလား" Hanbin မေးလိုက်တယ်။
"တော်စမ်းပါ။ ထိုင်းကိုပြန်လာတာ အားလက်ရက်အတွက်ပြန်လာတာ။ ဒီကိုပြန်ရောက်ကတည်းက နားကိုမနားရဘူး" Lisa သူ့ကိုပြောလိုက်တယ်။
"အိုး မနက်ခင်းကိုတစ်ယောက်ယောက်တော့ စိတ်မကြည်ပါလား" သူပြောပြီးရယ်လိုက်တယ်။
"မဟုတ်ဘူး။ မင်းကစတာကိုး။ သွားကြစို့ အလုပ်စလိုက်ရအောင်" Lisa ပြောလိုက်တယ်။
Lisa ပြောပြီးနောက်လှည့်လိုက်တော့ Jennie ကိုတိုက်မိတော့မလိုဖြစ်သွားတယ်။
"ဆောရီး" သူမရေရွတ်လိုက်ပြီး လဲကျမသွားအောင် အခန်းဒေါင့်ကိုကိုင်လိုက်တယ်။ သူမကြည့်ရတာ စိတ်လှုပ်ရှားနေ တာကို တွေ့ရတယ်။
YOU ARE READING
နှောင်ကြိုး (Jenlisa)
Fanficမိန်းကလေးတစ်ယောက်ကို ချစ်မိသွားလိမ့်မယ်လို့ ကျွန်မတစ်ခါမှ မစဉ်းစားမိခဲ့ဘူး.... Jennie Kim မတူညီတဲ့ ဘဝနှစ်ခု ချစ်ခြင်းမေတ္တာမှာ ကျရှုံးသွားတဲ့အခါ ... အချစ်ကနာကျင်မှုတွေပဲ သူတို့နှစ်ယောက်ဆီကို ယူလာပေးတဲ့အခါ... Jennie နဲ့ Lisa တို့ရင်ဆိုင်နိုင်ကြမှာလား...