Chapter 14

1K 96 5
                                    

Lisa's Pov

Jennie ကကျွန်မကိုတစ်ကယ့်ကိုစိတ်ကုန်သွားတာပဲ။ ကျွန်မရှိုးပွဲပြီးသွားတော့ ချက်ချင်းကားပေါ်တက်လိုက်ပြီး Irene နဲ့အပြင်သွားလိုက်တယ်။

ဒါတွေအကုန်လုံးက Jennie ရဲ့ကလေးဆန်တဲ့ကစားနည်းတွေကြီးပဲ။ ကျွန်မက ဒီလိုဆက်ဆံခံရဖို့ မထိုက်တန်ဘူး။ ကျွန်မ သူမကိုဘာမှမလုပ်နိုင်ဘူး။ သူမကတစ်ကယ့်ကို မတရားတာပဲ။ အရိုးသားဆုံးပြောရရင် Jennie ကနည်းနည်း စိတ်များဖောက်ပြန်လာသလားလို့ ကျွန်မတွေးမိလာတယ်။

Jennie သူမကိုယ်သူမမြင်အောင်ကြည့်နိုင်ပြီး သူ့ခင်ပွန်းကိုထားခဲ့လိုက်ဖို့ ကျွန်မဆုတောင်းမိတယ်။ ဒါပေမယ့် သူမဒီလို မလုပ်ဘူးဆိုတာ ကျွန်မသိနေတယ်။ နောက်ဆုံးကျွန်မတို့ဒီထက်နက်ရှိုင်းသွားပြီး မနာကျင်ရခင် ဒီအခြေအနေက ရုန်းထွက်လိုက်တာကောင်းမယ်လို့ တွေးမိတယ်။

ကျွန်မ Jennie ကိုချစ်တယ်။ ဒါပေမယ့် သူမကတော့ ကျွန်မကိုအပြောတောင်မခံဘူး။

"ရှင်အတွေးလွန်နေတယ်" Irene ပြောလိုက်တာကို ကြားလိုက်ရတယ်။

"Sorry ပင်ပန်းသွားလို့" ကျွန်မရှင်းပြလိုက်တယ်။

"ရှင့်ပုံကြည့်ရတာ မိန်းမကိစ္စနဲ့ပတ်သက်ပြီး စိတ်သောကရောက်နေသလိုပဲ" သူမက မျက်ခုံးပင့်လိုက်ပြီး ထပ်ပြောလိုက် တယ်။

"ဒီလောက်သိသာနေလား" ကျွန်မမေးလိုက်တယ်။

"Jennie ဟုတ်တယ်မလား။ ကျွန်မ သူမကိုဒုတိယ်အကြိမ်တွေ့ရတော့ သတိထားမိလိုက်တာ" Irene ကမထေ့ပြုံးနဲ့ပြော လိုက်တော့ ကျွန်မမျက်လုံးပြူးသွားတယ်။

"မင်းရဲ့လူကဲခတ်နိုင်စွမ်းက အံ့မခမ်းပါပဲ" ကျွန်မအသက်မပါသလိုပြောလိုက်တယ်။

"အရမ်းကြီး သိသာနေတာတော့မဟုတ်ဘူးလေ" သူမပြောလိုက်တယ်။ "Jennie ကျွန်မကိုကြည့်လိုက်တဲ့ အကြည့်မှာ တွေ့နေ ရတာပဲ။ သဝန်တိုတဲ့အကြည့်လေ။ ဘယ်သူမှသတိထားလိုက်မိမယ်တော့မထင်ဘူး။ သူမကဟန်ဆောင်ကောင်း တယ်လေ။ ဒါပေမယ့် ကျွန်မကတော့ မိသွားတယ်" သူမရှင်းပြလိုက်တယ်။

"ကိုယ်ရဲ့ဒီအဖြစ်ကို ဘယ်လိုနည်းနဲ့မှ လူတွေသိသွားလို့မဖြစ်ဘူး" ကျွန်မပြောလိုက်တယ်။

နှောင်ကြိုး (Jenlisa)Where stories live. Discover now