Chapter 12

1.3K 118 12
                                        

Lisa' Pov

World tour စတော့ ကျွန်မအလုပ်တွေအရမ်းများနေခဲ့တယ်။ အချိန်ရသရွေ့တော့ Jennie ဆီကိုဖုန်းခေါ်တာမျိုး စာပို့တာမျိုးလုပ်ဖြစ်တယ်။ သူမကိုနောက်ဆုံးတွေ့ခဲ့ရတာ သုံးလတောင်ကြာခဲ့ပြီ။ ကျွန်မတို့ဖုန်းပြောဖြစ်တိုင်း တစ်ခါတစ်လေသူမကတက်ကြွနေတတ်ပြီး တစ်ခါတစ်လေ စိတ်နဲ့ကိုယ်နဲ့မကပ်ဖြစ်နေတတ်တယ်။

ကျွန်မတို့နှစ်ယောက်ဆက်ဆံရေးက သူမအတွက်အရမ်းရုန်းကန်ရတယ်ဆိုတာ ကျွန်မသိတယ်။ ကျွန်မမကောင်းသလို ခံစားရတယ်။ ဒါပေမယ့်လဲ ဒီအပြစ်ရှိသလိုဖြစ်နေတဲ့ခံစားချက်ကြီး ကြားထဲကမှ သူမကိုချစ်မိနေပြန်တယ်။ ကျွန်မက Jennie လို Mino ကိုနေ့တိုင်းတွေ့ပြီး စကားပြောဖြစ်နေတာမဟုတ်ဘူး။ သူမပြိုလဲ သွားမှာ ကျွန်မတစ်ကယ်စိတ်ပူ တယ်။ နောက်ဆုံး Jennie နဲ့ Video call ပြောခဲ့တဲ့နေ့တုန်းက သူမပုံစံက အရမ်းကိုပင်ပန်းနေခဲ့တယ်။

"မိုက်ကရိုဖုန်းအသံဖွင့်လိုက်" ကျွန်မရဲ့အသံပိုင်းဆိုင်ရာ အင်ဂျင်နီယာကိုပြောလိုက်တယ်။

သီချင်းသံကြားလိုက်ရတော့ ကျွန်မလက်မထောင်ပြလိုက်တယ်။ စတိတ်စင်အလယ်မှာ လှဲချလိုက်ပြီး ကျွန်မသီချင်း ဆက်ဆိုလိုက်တယ်။ ဒီနေ့အတွက် အသံစစ်ဆေးတာအဆင်ပြေသွားပြီမို့ Fan တွေအတွက် ကျွန်မစိတ်ပူစရာမလိုတော့ ဘူး။

"Lisa" ရင်းနှီးတဲ့အသံတစ်ခုကိုကြားလိုက်ရတယ်။

ကျွန်မလှည့်ကြည့်ပြီး ပြုံးလိုက်မိတယ်။ "Mino" ကျွန်မအော်ခေါ်လိုက်ပြီး သူ့ကိုပြေးဖက်လိုက်တယ်။ "မင်းတို့လာမယ် ဆိုတာငါမသိရပါလား"

"Surprise လေ" Mino ကပြောလိုက်ပြီး ကျွန်မကိုလွှတ်ပေးလိုက်တယ်။

"Hey Lisa" Jennie ကတိုးတိုးလေးနှုတ်ဆက်လိုက်ပြီး ပြုံးပြလိုက်တယ်။ ကျွန်မ သူမကိုဆွဲပြီး ဖက်လိုက်တယ်။ လိုအပ်တာထက်ပိုပြီး နည်းနည်းကြာကြာလေးဖက်ထားမိတယ်။ Mino ကတော့ရိပ်မိမယ်မထင်ဘူး။

"မင်းတို့အဆင်ပြေကြရဲ့လား ဘာတွေလုပ်နေကြလဲ" ကျွန်မမေးလိုက်တယ်။

"တစ်ကယ့်ကိုအဆင်ပြေနေတယ်ပြောရမယ်။ ငါ project တစ်ခုသဘောတူလက်မှတ်ထိုးဖို့ရှိတယ်လေ" Mino ကပြုံးပြီး ပြောလိုက်တယ်။

နှောင်ကြိုး (Jenlisa)Where stories live. Discover now