Lisa's Pov
သူမပါးစပ်ဖျားက ဒီစကားလုံးလေးထွက်လာတဲ့အချိန်မှာ Lisa စိတ်တွေထိန်းချုပ်နိုင်မှု ကင်းမဲ့သွားခဲ့တယ်။ တစ်ကယ်လို့ ဒီအရာကိုရှေ့ဆက်တိုးခဲ့မိရင် နောက်ပြန်ဆုတ်လို့မရတော့တာကို Lisa သိနေတယ်။ အဓိကအချက်ကတော့ သူမကို လိုချင်နေတာထက်ကို ပိုနေတာပဲ။ Lisa သူမဆီက အရာတိုင်းကိုလိုချင်တယ်။ Lisa သူမရုပ်ရည်အသွင်အပြင်ကို ကြွေနေတာမှန်ပေမယ့် တစ်ကယ့်အတွင်းထဲမှာပါ တစ်ခုခုနက်နက်ရှိုင်းရှိုင်းခံစားနေရတယ်ဆိုတာ သတိထားမိတယ်။
"Jennie! ကိုယ့်ကိုဆက်မလုပ်ဖို့တားပါ။ ကိုယ့်ကို ခွင့်မပြုပါနဲ့"
သူမခန္ဓာကိုယ်ကိုလှည့်ပြီး Lisa နှုတ်ခမ်းကိုဖိနမ်းလိုက်တဲ့အချိန်မှာ Lisa ငြိမ်သက်သွားတယ်။ ဒီအနမ်းက သူမနဲ့ ပထမဆုံး နမ်းခဲ့ကြတဲ့အနမ်းနဲ့မတူဘူး။ ဒီအနမ်းက ချီတုံချတုံဖြစ်ပြီး ဖြည်းဖြည်းလေးဖြစ်နေတယ်။ မိနစ်အနည်းငယ် လောက်ကြာတော့ သူမဖက်ထားတာခွာလိုက်တယ်။
"ကျွန်မတို့ဘာလုပ်မိနေကြတာလဲ" သူမရေရွတ်လိုက်တယ်။
"Mino ရဲ့ဘဝကိုရှုပ်ထွေးအောင်လုပ်မိနေကြတာ" Lisa ပြောပြီးထွက်သွားလိုက်တယ်။
"Lisa!" သူမခေါ်သံကြားလိုက်ရတယ်။ "နေပါအုံး"
"နေပါအုံး" Lisa ရပ်ပြီး သူမကိုမျက်နှာချင်းပြန်ဆိုင်လိုက်တယ်။ "ဘာအတွက် နေရမှာလဲ Jennie" Lisa မေးလိုက်တယ်။ "ကိုယ်မင်းအကြောင်းဘာမှန်းတောင်သိသေးတာမဟုတ်ဘူး။ ဒါပေမယ့်မင်းအကြောင်းတွေပဲ တွေးနေမိတယ်။ ကိုယ်မင်းကို နှစ်ကြိမ်တောင်နမ်းခဲ့ပြီးပြီ။ ရယ်စရာပဲ။ မင်းလက်ချောင်းမှာ ကိုယ့်အကိုဝတ်ပေးမယ့် စေ့စပ်လက်စွပ်ဝတ် ရတော့မှာလေ" Lisa အော်လိုက်တယ်။
"ရှင်ထင်တာ ရှင်ကပဲ ဒေါသထွက်ရမယ့်လူလို့ ရှင်ထင်နေတာပေါ့" သူမပြန်ပက်လိုက်တယ်။ "ကျွန်မအတွက် ကျတော့ ရော။ ကျွန်မတို့အတူရှိနေတဲ့အခါတိုင်း ရှင့်မျက်လုံးပေါက်ထွက်မတတ် ကျွန်မကိုပဲကြည့်နေတာလေ။ ရှင်ကျွန်မနား တိုးလာတဲ့အချိန်တိုင်း ကျွန်မထိန်းချုပ်နိုင်စွမ်းတွေ အကုန်ပျောက်ကုန်တယ်။ ကျွန်မခံစားနေရတာတွေရော ရှင်ဘယ်လို တွေးထားလဲ။ ကျွန်မဘာအကြောင်းရင်းမှန်းမသိပေမယ့် ရှင့်ကြောင့် ကျွန်မရူးတော့မယ်"
YOU ARE READING
နှောင်ကြိုး (Jenlisa)
Fanfictionမိန်းကလေးတစ်ယောက်ကို ချစ်မိသွားလိမ့်မယ်လို့ ကျွန်မတစ်ခါမှ မစဉ်းစားမိခဲ့ဘူး.... Jennie Kim မတူညီတဲ့ ဘဝနှစ်ခု ချစ်ခြင်းမေတ္တာမှာ ကျရှုံးသွားတဲ့အခါ ... အချစ်ကနာကျင်မှုတွေပဲ သူတို့နှစ်ယောက်ဆီကို ယူလာပေးတဲ့အခါ... Jennie နဲ့ Lisa တို့ရင်ဆိုင်နိုင်ကြမှာလား...