Chapter 24

1.2K 112 7
                                    

Lisa's Pov

အိမ်ထဲကို ပြန်ဝင်လာခဲ့တော့ သူတို့ကျွန်မအကြောင်းပြောနေကြတယ်ဆိုတာ ပြောရဲတယ်။ အိုးတိုးအန်းတန်းနဲ့ တိတ်ဆိတ်သွားကြတာက သက်သေပဲမလား။ Ella ကချက်ချင်း Jennie ဆီကိုလက်လှမ်းလိုက်တော့ ကျွန်မလဲ Jennie ဆီကို လွှတ်ပေးလိုက်တယ်။ တစ်ခုခုပြောမလို့လုပ်လိုက်ပေမယ့် ကျွန်မစကားမပြောတာအကောင်းဆုံးပဲလို့ ဆုံးဖြတ် လိုက်တယ်။

"မာမီ" သုံးနှစ်သမီးလေးက ရယ်လိုက်ပြီး သူမအမေဆီပြေးသွားခဲ့တယ်။

"ဟေး princess" Jennie ပြုံးလိုက်ပြီး သူမသမီးကိုကောက်ပွေ့လိုက်တယ်။ "ပျော်ခဲ့ရဲ့လား"

"ဟုတ်"

"သူမက pro ပဲ" ကျွန်မပြောလိုက်ပြီး ရေခဲသေတ္တာထဲက ရေဗူးကိုထုတ်လိုက်တယ်။

"အင်း သမီးက pro ဆီကသင်လာတာပေါ့" Jisoo ပြုံးလိုက်တယ်။

"ကိုယ်ကအမြဲတမ်း အသင်ပြကောင်းတဲ့လူပဲ" ကျွန်မပြောလိုက်ပြီး မျက်လုံးမှတ်ပြလိုက်တယ်။ Jennie ကမျက်လုံးမှေး ပြီး ကြည့်လိုက်တာကို တွေ့လိုက်ရတယ်။ "Jennie ကိုမေးကြည့်လိုက် ကိုယ်ကလက်ကိုဘယ်လို ကျွမ်းကျင်အောင် သုံးတတ်လဲဆိုတာ သူမပြောပြလိမ့်မယ်။ ကိုယ်ပြောတာ ဂစ်တာတီးတာကို ပြောတာ" ကျွန်မပြောလိုက်တယ်။

Jisoo ကအကျယ်ကြီးအော်မရယ်မိအောင် သူမပါးစပ်ကိုလက်နဲ့အုပ်လိုက်တာကို မြင်လိုက်ရတယ်။ Jennie က နှုတ်ခမ်းကိုတင်းတင်းစေ့ထားပြီး ကျွန်မကိုစောင်းကြည့်လိုက်တယ်။

"တစ်ကယ်ကြီးလား Lisa" သူမမေးလိုက်တယ်။

"မဟုတ်ဘူး" ကျွန်မပြောပြီး ရေသောက်လိုက်တယ်။

"သမီးရောင်စုံခြယ်လို့ရလား" Ella က Jennie ကိုမေးလိုက်တယ်။

"ရတာပေါ့ ဘေဘီ။ လာ" သူမပြောလိုက်တယ်။ သူမသမီးလက်ကလေးကိုဆွဲပြီး ဧည့်ခန်းဖက်ထွက်သွားခဲ့တယ်။

Jennie ထွက်သွားတာကို ရှိုးလိုက်မိတယ်။ ပြောလို့ပြောတာမဟုတ်ဘူး သူမခန္ဓာကိုယ်က တစ်ကယ့်ကိုမိုက်နေတာပဲ။

"ရှင်အရင်ကနဲ့မတူသလိုပဲ" Jisoo ကလက်ပိုက်ပြီးပြောလိုက်တယ်။ "ကျွန်မခန့်မှန်းမိရသလောက် ဒီအချိန်လေးကို ရှင်ပျော်နေသလိုပဲ"

နှောင်ကြိုး (Jenlisa)Where stories live. Discover now