Chapter 10

1.4K 105 4
                                    

Lisa's Pov

လက်ထပ်ပွဲက အဆင်ပြေပြေပြီးသွားခဲ့တယ်။

ဒီအရာတစ်ခုလုံးက ကျွန်မကိုတစ်ဖြည်းဖြည်းညည်းဆဲနေသလို ခံစားရတယ်။ Jennie နဲ့ကျွန်မညတိုင်းနီးပါး အတူရှိ ကြပြီး သူမလက်ထပ်ပွဲလျှောက်လမ်းကို လမ်းလျှောက်ရတော့မယ့် နာရီမတိုင်ခင်ထိ ကျွန်မတို့အတူရှိခဲ့တယ်။ ဒါရယ်စရာပဲမလား။ ဒါပေမယ့် တစ်ကယ်တော့ကျွန်မ ဒါနဲ့ပတ်သက်လို့ အပြစ်ရှိသလိုခံစားနေရတာမျိုးမရှိတော့ဘူး။ ကျွန်မတို့ အချိန်အကြာကြီးအတူရှိနိုင်တော့မယ်။ ဒါကောင်းတာပဲမလား။ Mino ကတော့ ပျော်ရွှင်နေတယ်။ ပြီးတော့ ဒါက ကျွန်မကိုထပ်ပြီး ညည်းဆဲနေပြန်တယ်။

သူသာသိခဲ့ရင်...

သူတို့က နှစ်ရက်လောက် ဟန်းနီးမွန်းထွက်ဖို့စီစဉ်ထားကြတာဖြစ်ပြီး ကျွန်မကတော့ Jennie ကိုခေါင်းထဲက ထုတ်ဖို့ ကြိုးစားနေရတယ်။ ဒီအတွေးတွေအတွက် အလုပ်တွေဖိလုပ်ဖြစ်တယ်။ Jennie ကိုမထိမိအောင်လဲ ကျွန်မကိုယ်ကျွန်မ ထိန်းချုပ်ထားရတယ်။ ကျွန်မတို့နှစ်ယောက်ဆီမှာ အမြဲတမ်းခိုင်မာတဲ့အထိအတွေ့တစ်ခုရှိနေတယ်။ အထိအတွေ့အပြင် တစ်ခြားခံစားချက်မရှိဘူးလို့ ကျွန်မပြောရင် လိမ်နေတယ်ဖြစ်အုံးမယ်။

ကျွန်မအထုတ်အ‌ပိုးတွေပြင်နေတုန်း Jennie ကျွန်မအခန်းထဲရောက်လာခဲ့တယ်။

"ရှင်သွားတော့မှာလား" သူမမေးလိုက်တယ်။

"အင်း။ အယ်ဘမ်တစ်ခုထုတ်ဖို့ရှိနေလို့။ ကိုယ် အသံစသွင်းရတော့မယ်" ကျွန်မပြောလိုက်တယ်။

"ကျွန်မအတွက်ရေးထားတာရှိတယ်လား" သူမပြုံးပြီးမေးလိုက်တယ်။

ကျွန်မရယ်လိုက်တယ်။

"အင်း။ အကိုအရင်းကိုသစ္စာဖောက်ပြီး သူ့ဇနီးနဲ့ဖောက်ပြန်တဲ့သီချင်းက မင်းအကြောင်းအတိအကျပဲ" ကျွန်မမျက်လုံး မှိတ်ပြလိုက်ပြီး ပြောလိုက်တယ်။

"ရှင်ကငရှုတ်ကောင်ပဲ။ ကျွန်မလွမ်းနေတော့မှာ" သူမပြောလိုက်တယ်။

"ကိုယ်သိတယ်" ကျွန်မပြောလိုက်တယ်။ သူမက ကျွန်မအဝတ်တွေကိုခေါက်ပေးလိုက်ပြီး လက်ဆွဲအိတ်ထဲထည့်ပေး လိုက်တယ်။

နှောင်ကြိုး (Jenlisa)Where stories live. Discover now