Lisa's Pov
နေ့တွေကတစ်ရက်ပြီး တစ်ရက်ကုန်ဆုံးသွားတယ်။ ရာသီဉတုမကောင်းတော့ ကျွန်မတို့တွေ အိမ်ထဲမှာပဲ များသောအား ဖြင့် ပိတ်မိနေကြတယ်။ သုံးရက်ရှိပြီ မိုးဆက်တိုက်ရွာနေခဲ့တာ။ ကျွန်မနိုးလာတော့ လိုက်ကာကိုဖြတ်ပြီး ဖျာကျနေတဲ့ နေရောင်ခြည်လေးကို မြင်လိုက်ရတော့ စိတ်သက်သာရာရသွားခဲ့တယ်။ ကျွန်မနဲ့ Jennie နီးနီးကပ်ကပ်နေမိတော့ သူမရဲ့ဝမ်းနည်းမှုတွေအတွက် နာကျင်ရတယ်။ သူမကတစ်ကယ့်ကို မပျော်ရွှင်နေတာကို တွေ့နေရတယ်။ Ella နဲ့ကလွဲ ရင် သူမအပြုံးတွေက ဘယ်တော့မှ မျက်လုံးထိရောက်အောင်မပြုံးနိုင်တာကို တွေ့နေရတယ်။
Ella ကသူမဘဝတစ်ခုလုံးဖြစ်နေပြီး Mino ကတော့ လုံးဝကိုသူမတို့ဘဝထဲမရှိတာကို တွေ့ရတယ်။ သူက အမြဲတမ်း ဖုန်းနဲ့ laptop နဲ့ပဲ အလုပ်ရှုပ်နေတာကို တွေ့ရတာ မယုံနိုင်အောင်ပဲ။ သူ့ကရုမစိုက်မှုတွေက Jennie ကိုဘယ်လောက် တောင် နာကျင်ရတယ်ဆိုတာ မြင်နေရတယ်။ ကျွန်မကတော့ Irene နဲ့ပျော်ရွှင်နေပြီး Jennie ကိုဒီလိုမြင်နေရတာ ကျွန်မ မကောင်းသလိုခံစားရတယ်။ သူမကတစ်ကယ့် စိတ်သဘောထားကောင်းတဲ့အမျိုးသမီးလေးပဲ။ သူမနားမှာနေရတာ အိုးတိုးအန်းတန်းဖြစ်ရတယ်။ သူမဆီက ဖော်မပြတတ်တဲ့ ဆွဲငင်အားတစ်ခုရှိနေသလိုခံစားနေရတယ်။ ဒါပေမယ့် လွမ်းဆွတ်နေတာကြီးတော့မဟုတ်ဘူး။ အချိန်က ကျွန်မဒါဏ်ရာတွေကို ကုစားပေးခဲ့ပြီး မေ့နိုင်ခဲ့ပြီ။
ကျွန်မလက်မောင်းဆန့်ပြီး သန်းလိုက်တယ်။ အကျော့ဆန့်ရတာ ကောင်းလိုက်တာ။ Irene ရဲ့ နွေးထွေးတဲ့ခန္ဓာကိုယ်လေး ကိုခံစားလိုက်ရတယ်။ သူမအိပ်နေတာလေးကို ငေးကြည့်လိုက်မိတယ်။ သူမကိုတင်းတင်းလေးဖက်လိုက်ပြီး ဖွဖွလေး နမ်းလိုက်တယ်။ သူမနိုးလာတာမြင်လိုက်ရတော့ ကျွန်မပြုံးလိုက်တယ်။
"Good morning babe" Irene ပြောလိုက်တယ်။
"အိပ်ရတာကောင်းရဲ့လား" ကျွန်မမေးလိုက်တယ်။
"နှစ်နှစ်ခြိုက်ခြိုက်ပဲ" သူမဖြေလိုက်တယ်။၏
"အင်း ကိုယ်ရေချိုးလိုက်အုံးမယ်။ ကိုယ်နဲ့ Hanbin တို့ဒီနေ့မြို့ထဲ အလုပ်ကိစ္စသွားဖို့ရှိတယ်" ကျွန်မပြောလိုက်ပြီး သူမကျောလေးကို ပွတ်သပ်ပေးလိုက်တယ်။
YOU ARE READING
နှောင်ကြိုး (Jenlisa)
Fiksi Penggemarမိန်းကလေးတစ်ယောက်ကို ချစ်မိသွားလိမ့်မယ်လို့ ကျွန်မတစ်ခါမှ မစဉ်းစားမိခဲ့ဘူး.... Jennie Kim မတူညီတဲ့ ဘဝနှစ်ခု ချစ်ခြင်းမေတ္တာမှာ ကျရှုံးသွားတဲ့အခါ ... အချစ်ကနာကျင်မှုတွေပဲ သူတို့နှစ်ယောက်ဆီကို ယူလာပေးတဲ့အခါ... Jennie နဲ့ Lisa တို့ရင်ဆိုင်နိုင်ကြမှာလား...