Chapter 27

1.3K 121 8
                                    

Jennie's Pov

ကျွန်မမျက်လုံးဖွင့်လိုက်တော့ ဘေးနားအိပ်ပျော်နေတဲ့သူမကိုတွေ့လိုက်ရပြီး ပျော်သွားခဲ့တယ်။ သူမနားအိပ်ရတာ နွေးထွေးပြီး လုံခြုံမှုကို ခံစားရတယ်။ ကျွန်မ Lisa ရဲ့ခွန်အားပေးမှုကိုလိုအပ်တယ်။ အရာအားလုံးကို ကျွန်မနှလုံးသားက တွေ့ကြုံခဲ့ပြီးတဲ့နောက်မှာတော့ Lisa ကပဲလုံခြုံမှုပေးနိုင်တာ သိလာခဲ့တယ်။ ပြီးခဲ့တဲ့နှစ်တွေတုန်းက သူမအရမ်းပြောင်း လဲခဲ့တာ။ သူမမှာထမ်းပိုးထားရတဲ့ အပြစ်ရှိမှုတွေက အခုတော့မရှိတော့ဘူး။ သူမမျက်လုံးတွေက ကြည်လင်တောက်ပ လာတယ်။ သူမတစ်ကယ့်ကို တည်ငြိမ်သွားခဲ့ပြီ။

Mino နဲ့ဆွေးနွေးခဲ့တာက အခြေအနေမကောင်းခဲ့ဘူး။ သူဒေါသတွေထွက်ပြီး ပေါက်ကွဲခဲ့တယ်။ ကျွန်မသူ့ကိုသိလာတဲ့ တစ်လျှောက်လုံး ဒီလိုဒေါသထွက်နေတဲ့အခြေအနေကို မမြင်ဖူးခဲ့ဘူး။ သူပြန်တည်ငြိမ်သွားတော့ ကျွန်မနဲ့ရှေ့ဆက် ချင်တဲ့ အကြောင်း ပြောခဲ့တယ်။ ဒါပေမယ့် ကျွန်မလက်မခံတော့ သူငိုတယ်။ ကျွန်မဘာဆက်လုပ်ရမလဲ မသိခဲ့ဘူး။

ကျွန်မအကြောက်ဆုံးအပိုင်းကတော့ Lisa အကြောင်းကိုသူပြောတဲ့အပိုင်းဖြစ်တယ်။ Lisa လုံခြုံရေးကို ကျွန်မအရမ်း စိတ်ပူသွားတယ်။ သူက Lisa ကိုသတ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်။ သူပြောလိုက်တဲ့ပုံစံက ကျွန်မကိုကြောက်လန့်သွား စေတယ်။ သူကအရမ်းကိုတည်ငြိမ်နေပြီး စကားကိုတစ်လုံးချင်းပြောနေခဲ့တယ်။ ဒါက ကျွန်မကိုအရိုးထဲထိစိမ့်ကြောက် စေတယ်။

ကျွန်မအတွေးတွေထပ်နယ်မချဲ့ရသေးခင် Hanbin အခန်းထဲဝင်လာတာကို တွေ့လိုက်ရတယ်။

"မင်းငါ့ကို နောက်နေတာမလား" သူပြောလိုက်တယ်။

Lisa ချက်ချင်းထလိုက်ပြီး သူ့ကိုပြန်ပြောလိုက်တယ်။ "မင်းတံခါးခေါက်ရမယ်ဆိုတာ မသိဘူးလား"

"ဒါကတစ်ကယ့်ကို ရယ်စရာပဲ" သူပြောပြီးရယ်လိုက်တယ်။ "ငါဒါကို ဘယ်လိုမှမယုံနိုင်ဘူး"

"Hanbin သွားတော့" သူမတည်တည်ငြိမ်ငြိမ်ပြောလိုက်တယ်။

"မင်းသူ့ကို ဘယ်လိုတောင်လုပ်နိုင်ရတာလဲ။ သူကမင်းအကိုကြီး Lisa" Hanbin ကသူမကိုပြောလိုက်ပြီး သူ့မျက်လုံးမှာ အဖြေကိုသိချင်နေတဲ့စိတ်ကိုတွေ့ရတယ်။

နှောင်ကြိုး (Jenlisa)Where stories live. Discover now