Chapter 5

1.3K 128 3
                                    

Jennie's Pov

ကျွန်မနဲ့ Lisa တို့နှစ်ယောက်သူမအခန်းထဲမှာ ရန်ဖြစ်ပြီးတာ နှစ်ရက်ရှိပြီ။ ကျွန်မဒေါသထွက်နေတုန်းပဲ။ သူမက အခုထိ ပြောရဆိုရခက်ခဲနေတုန်းပဲ။ ဒီလိုအကြည့်တွေနဲ့ ကျွန်မကိုလဲ ကြည့်နေတုန်းပဲ။ ဒါပေမယ့် သူမအကြည့်တွေက ဒီတစ်ခါ ပိုပြီးခံစားချက်တွေပါလာတာကို တွေ့ရတယ်။ သူ့အကြည့်မှာ လွမ်းဆွတ်မှုတွေကိုတွေ့နေရပြီး ကျွန်မကိုအားနည်းစေ တယ်။ ကျွန်မသူမအနား နေမိမှာကြောက်တယ်။ Mino ပြန်လာဖို့ နှစ်ရက်လောက်ပဲလိုတော့တယ်။ အမှန်အတိုင်းပြောရ ရင် ကျွန်မသူပြန်လာမှာမစောင့်နိုင်တော့ဘူး။ သူ့ကိုအရမ်းလွမ်းနေပြီး Lisa နဲ့နေရတာက စိတ်ထိခိုက်ရတယ်။

Lisa ပန်းခြံထဲကနေ အိမ်ထဲကိုဝင်လာတော့ ကျွန်မကြည့်လိုက်မိတယ်။ ကျွန်မဖတ်လက် စစာအုပ်ကိုဘေးချပြီး သူမကို ဆက်ကြည့်နေလိုက်တယ်။ သူမကြည့်ရတာ စိတ်နဲ့ကိုယ်မကပ်သလိုပဲ။ ကျွန်မကြည့်နေတုန်းမှာပဲ သူမအိမ်ထဲဝင်လာ တာကနေ လမ်းကြောင်းပြောင်းပြီး သူမကားဆီသွားလိုက်တာ တွေ့ရတယ်။ ပြီးတော့ ကားနောက်ခုံ နောက်က ဝီစကီ ပုလင်းကိုထုတ်လိုက်တာ တွေ့ရတယ်။ သူမ အဖုံးကိုဖွင့်လိုက်ပြီး တစ်ပုလင်းလုံး အကုန်မော့လိုက်တာ တွေ့လိုက်ရ တယ်။ (သေကုန်တော့မှာပဲ)

"OMG" ကျွန်မရေရွတ်လိုက်မိတယ်။ Lisa ဝီစကီပုလင်းကိုအကုန်သောက်လိုက်ပြီး ကားထဲကိုပြန်ပစ်ထည့်လိုက်တယ်။ ပြီးတော့ အိမ်ဘက်ပြန်လျှောက်လာတာကို တွေ့ရတယ်။

ရုတ်တရက် မော်ဒယ်ဟောင်းနေတဲ့ကားတစ်စီး အိမ်ရှေ့ဂိတ်မှာ ရပ်လိုက်တာကို‌ တွေ့ရတယ်။ ထိုင်းလူမျိုးတစ်ယောက် ကားထဲကထွက်လာပြီး အော်လိုက်တာကို တွေ့လိုက်ရတယ်။ သူကလက်ဝှေ့ယမ်းပြလိုက်တော့ Lisa သူ့ဆီပြေးသွားတာ တွေ့လိုက်ရတယ်။ အဲ့ဒီလူက Lisa ကိုပွေ့လိုက်ပြီး လှည့်လိုက်တယ်။ ဒီနှစ်ရက်အတွင်းမှာ သူမရဲ့အပြုံးကို ပြန်တွေ့လိုက် ရတာပဲ။ သူတို့နှစ်ယောက် ဖက်ထားတာခွာလိုက်ကြတော့ သူတို့နှစ်ယောက်စကားပြောကြမယ်ဆိုတာ ကျွန်မ သိလိုက်တယ်။ အဲ့ဒီလူက သူ့ကားထဲက ရှည်ရှည်မျောမျောသေတ္တာလေးကို ထုတ်လိုက်တာတွေ့လိုက်ရတယ်။ ပြီးတော့ သူမကိုပေးလိုက်တယ်။ သူမက ကားခေါင်းပေါ်ထိုင်လိုက်ပြီး အဲ့ဒီသေတ္တာလေးကိုဖွင့်လိုက်တာ တွေ့ရတယ်။

နှောင်ကြိုး (Jenlisa)Where stories live. Discover now