Lisa's Pov
ကားမောင်းလာတဲ့တစ်လျှောက်ဖြတ်လာတဲ့ မြင်ကွင်းတွေကိုကြည့်မိတယ်။ ဘေးနားကို ကြည့်လိုက်တော့ Hanbin ကအိပ်ပျော်နေပြီး ပြတင်းပေါက်ကို ခေါင်းမှီထားတာကို တွေ့ရတယ်။ အကြာကြီးနေမှာ ပထမဆုံးအကြိမ်အဖြစ် ပုံမှန် လူတစ်ယောက်လိုခံစားမိတယ်။ ကျွန်မ music အဖွဲ့သားတွေနဲ့ မန်နေဂျာကိုလဲ ကျွန်မပုံမှန်လူတစ်ယောက်အဖြစ် နေတော့မယ်ဆိုတာ ပြောဖြစ်တယ်။ အပြင်မှာပဲ ပုံမှန်လူတစ်ယောက်အဖြစ် အလုပ်လုပ်တော့မယ်လို့ဆုံးဖြတ်လိုက် တယ်။ တစ်ခါတစ်လေတော့ သီးချင်းတွေလုပ်ပြီး fan တွေအတွက် ဆိုပေးဖြစ်မှာဖြစ်ပေမယ့် ရှိုးပွဲတွေ ပါတီတွေတော့ တက်တော့မှာမဟုတ်ဘူး။ ဘာစာချုပ်တွေမှလဲမရှိတော့သလို ဘာတောင်းဆိုမှုတွေမှ လုပ်ပေးတော့မှာမဟုတ်တော့ဘူး။
"အိမ်ရောက်ခါနီးပြီလား" Hanbin နိုးလာပြီးမေးလိုက်တာကို ကြားရတယ်။
"ရောက်တော့မယ်" ကျွန်မပြောလိုက်တယ်။
"အိမ်ရောက်ရင် ရေနွေးနွေးလေးချိုးပြီး ကိုယ့်အိပ်ယာကိုယ်အိပ်လိုက်ချင်ပြီ။ ဟိုတယ်မှာနေရတာ မကြိုက်ဘူး" သူပြောလိုက်တယ်။
"ငါမင်းကို တစ်ခုမေးလို့ရလား" Hanbin ကမီးနီမိနေတုန်းကို မေးလိုက်တယ်။
"အေး မေးလေ"
"မင်း Jisoo ကိုဘယ်လိုမြင်လဲ" သူမေးလိုက်တယ်။
"သူမက သဘောကောင်းတဲ့လူတစ်ယောက်ပဲ" ကျွန်မပြုံးပြီးပြောလိုက်တယ်။
"အဲ့ဒီတော့ မင်းသူမကိုသဘောကျတယ်ပေါ့" သူက မျှော်လင့်ချက်အပြည့်နဲ့ မေးလိုက်တယ်။
"အင်း။ မင်းကြည့်ရတာ ထူးဆန်းနေတယ်" ကျွန်မပြောလိုက်တယ်။
"ငါ သူမကို လက်ထပ်ခွင့်တောင်းတော့မလို့" သူပြောလိုက်တယ်။
"အိုးး ဒါမိုက်တာပဲ။ ကံကောင်းပါစေ" ကျွန်မမျက်လုံးမှိတ်ပြလိုက်တယ်။
"သူမ လက်ခံလောက်လား"
"ငါသိတယ်"
အိမ်ပြန်လမ်းက ထုံးစံအတိုင်းတိတ်ဆိတ်သွားပြန်တယ်။
ကျွန်မတို့အိမ်ပြန်ရောက်တော့ ညနေစောင်းနေပြီ။ ခြံဝန်းထဲမှာ စာဖတ်နေတဲ့ Jennie ကိုတွေ့လိုက်ရတယ်။ သူမကြည့်ရ တာပေါ့ပါးလန်းဆန်းနေတာကို တွေ့လိုက်ရတော့ အံ့ဩမိတယ်။ နောက်ဆုံးတစ်ခေါက်သူမကိုတွေ့ခဲ့ရတုန်းက သူမပုံစံ ကတော်တော်ပင်ပန်းနေခဲ့တာ။ ကျွန်မတို့နှစ်ယောက် ကားပေါ်ကဆင်းလိုက်ကြတယ်။ Jennie ကျွန်မဆီလှမ်းလာတာ တွေ့လိုက်ရပြီး ကျွန်မကလက်ဆွဲအိတ်ကိုကားပေါ်ကနေချလိုက်တယ်။
YOU ARE READING
နှောင်ကြိုး (Jenlisa)
Fanfictionမိန်းကလေးတစ်ယောက်ကို ချစ်မိသွားလိမ့်မယ်လို့ ကျွန်မတစ်ခါမှ မစဉ်းစားမိခဲ့ဘူး.... Jennie Kim မတူညီတဲ့ ဘဝနှစ်ခု ချစ်ခြင်းမေတ္တာမှာ ကျရှုံးသွားတဲ့အခါ ... အချစ်ကနာကျင်မှုတွေပဲ သူတို့နှစ်ယောက်ဆီကို ယူလာပေးတဲ့အခါ... Jennie နဲ့ Lisa တို့ရင်ဆိုင်နိုင်ကြမှာလား...