Lisa's Pov
ကျွန်မနစ်မြုတ်နေသလိုခံစားနေရတယ်။ ဘယ်လောက်ပဲ ပြန်ပေါ်လာအောင် ကြိုးစားကြိုစား ဆက်မြုတ်နေခဲ့တယ်။
လေယာဉ်ထိုင်ခုံမှာထိုင်ပြီး လေယာဉ်ထွက်မှာစောင့်နေရင်း ဘာမှမရှိတော့သလို ခံစားနေရတယ်။ Jennie ကိုတွေ့လိုက်ရတော့ ထင်ထားထက်ပိုနာကျင်ရတာပဲ။ ဒီလတွေမှာ ကျွန်မသူမအနားက ထွက်ပြေးခဲ့ပေမယ့်လဲ ဒဏ်ရာတွေက လတ်လတ်ဆတ်ဆတ်နာကျင်နေတုန်းပဲ။
သူမကြည့်ရတာ ပျော်ရွှင်နေပုံပဲ။ Mino ကြည့်ရတာလဲ ပျော်ရွှင်နေပုံပဲ။ အကုန်လုံးက ကြည့်ရတာ ပြည့်စုံနေတယ်။ ကျွန်မကတော့ရော? ကျွန်မကတော့ လုံးဝကိုမတူတဲ့ ပုံပြင်တစ်ပုဒ်ပဲ။ ရွံ့နွံတောတစ်ခုမှာလမ်းလျှောက်နေရသလိုပဲ။ မြေမာတဲ့နေရာစမ်းနင်းနေပေမယ့်လဲ ကျွံနေတယ်။ ကျွန်မမိသားစုက ကျွန်မတစ်ခုခုလွဲနေတဲ့အကြောင်း ပြောကြမယ်ဆိုတာသိပေမယ့် သူတို့ကိုဘယ်လိုရှင်းပြရမှာလဲ။ ကျွန်မအရမ်းချစ်ရတဲ့အမျိုးသမီးကို အကိုအရင်းကလက်ထပ်ထားပြီး သူတို့ချစ်နေတာလဲသိနေရပြီး မေ့နိုင်အောင်ကြိုးစားနေရတယ်ဆိုတာ သူတို့ကိုဘယ်လို ပြောပြရမှာလဲ။ ကျွန်မတစ်ယောက်ထဲ ဒီမကောင်းမှုတွေကို ခံစားနေရတယ်။ ဒါကျွန်မရွေးချယ်မှုပဲလေ။
သူမကအရမ်းကိုလှလာတယ်။ တစ်ကယ့်ကိုအသက်ရှုမှားစေတယ်။ သူမကိုအရမ်းလွမ်းတယ်။ သူမရဲ့ကိုယ်သင်းနံ့လေး။ သူမအပြုံးလေး။ ကျွန်မရင်ခွင်ထဲကို ခေါင်းလေးမှီလိုက်ပြီး သက်ပြင်းချလိုက်တာလေး။ သူမကိုအရမ်းလွမ်းတာပဲ။ သူမနှုတ်ခမ်းလေးကနေ ကျွန်မနာမည်လေးခေါ်လိုက်တာလေး။ လွမ်းတယ်။ ဒါပေမယ့်လဲ အခုသူမက Mino နဲ့လေ။ ပြီးတော့ အမြဲတမ်းလဲ Mino ပိုင်ခဲ့တာပါပဲ။ ဒါတွေအကုန်လုံးက သူမအတွက် အမှားတစ်ခုလုပ်ခဲ့မိတာပဲနေမှာပါ။
သူတို့မှာအခုမိသားစုရှိနေပြီ။ Ella သူတို့နှစ်ယောက်ကို ပိုခိုင်မြဲစေလိမ့်မယ်။ သူမ Mino ကိုကြည့်လိုက်တဲ့အကြည့်ကို ကျွန်မမြင်နေရတယ်။ ဒါကကျွန်မကိုသဝန်တိုစေတယ်။ ကျွန်မကိုလဲ ဒီလိုအကြည့်မျိုးနဲ့ကြည့်စေချင်တယ်။ Jennie ကျွန်မကိုမချစ်ခဲ့ဘူး။ Jennie ချစ်တာသူ့ကိုပဲ။ ဒါကအမြဲတမ်းမှန်ကန်နေတဲ့လက်တွေ့ပဲ။
YOU ARE READING
နှောင်ကြိုး (Jenlisa)
Fanficမိန်းကလေးတစ်ယောက်ကို ချစ်မိသွားလိမ့်မယ်လို့ ကျွန်မတစ်ခါမှ မစဉ်းစားမိခဲ့ဘူး.... Jennie Kim မတူညီတဲ့ ဘဝနှစ်ခု ချစ်ခြင်းမေတ္တာမှာ ကျရှုံးသွားတဲ့အခါ ... အချစ်ကနာကျင်မှုတွေပဲ သူတို့နှစ်ယောက်ဆီကို ယူလာပေးတဲ့အခါ... Jennie နဲ့ Lisa တို့ရင်ဆိုင်နိုင်ကြမှာလား...