Chapter 8

1.4K 139 8
                                    

Lisa's Pov

ကျွန်မနိုးလာတော့ အရက်နာကျနေပြီး ခေါင်းတွေထိုးကိုက်နေတယ်။ ကျွန်မ ညည်းညူလိုက်ပြီး မျက်လုံးဖွင့်ကြည့်လိုက် တော့ မျက်လုံးကန်းတော့မလိုဖြစ်သွားတယ်။ အလင်းရောင်က အရမ်းစူးနေတယ်။ ကျွန်မဆက် မလုပ်နိုင်တော့ဘူး။ ကျွန်မလုပ်ရမယ့်တစ်ခုထဲတောနည်းလမ်းက Jennie နဲ့အဝေးမှာနေဖို့ပဲ။

သူမက ဂရုစိုက်ပေမယ့် ကျွန်မဒီလိုမဖြစ်စေချင်ဘူး။

ကျွန်မအိပ်ယာထလိုက်ပြီး အောက်ထပ်ဆင်းလိုက်တယ်။

"အိုး ကြည့်ပါအုံး။ ဘယ်သူများလဲ" Hanbin ကစလိုက်တယ်။

"တော်စမ်း" ကျွန်မရေရွတ်လိုက်တယ်။

"ကြည်ကြည်လင်လင်နေစမ်း Lisa အခုမှအစောကြီးပဲရှိသေးတာ" Hanbin ကပြောပြီးရယ်လိုက်တယ်။

"မစနဲ့ Hanbin" Mino ပြောလိုက်တာကို ကြားလိုက်ရတယ်။

ကျွန်မကုလားထိုင်ပေါ်ထိုင်လိုက်ပြီး ညည်းတွားလိုက်တယ်။ " ကျွန်မ သူ့ကိုသတ်မိတော့မယ်"

"စိတ်လျော့ Lisa" Mino ကပြောလိုက်တယ်။

"ကလေးလိုလုပ်မနေနဲ့" Hanbin ပြောလိုက်တယ်။

"ဒါနဲ့ သူတို့သားအရံတွေအတွက် သူတို့သမီးအရံတွေဒီနေ့ရောက်လာကြမယ်" Mino ကပြောလိုက်တယ်။

ကျွန်မမထိန်းနိုင်ပဲ ရယ်လိုက်မိတယ်။ "ကျွန်မအကြောင်းကောင်းကောင်းသိတာပဲ"

"ငါလဲ ဇနီးတစ်ယောက်ရှာမယ်" Hanbin ကလက်သီးလက်မာင်းတန်းပြီး ပြောလိုက်တယ်။

Mino ကရယ်လိုက်တယ်။

"မင်းတို့က တစ်ကယ့်ကောင်တွေပဲ။ ငါဘာလို့မင်းတို့နဲ့ မောင်နှမဖြစ်နေရတာလဲ"

"ကျွန်မအတွက် မနက်စာလုပ်ပေးအုံး" ကျွန်မပြောလိုက်တယ်။

ထူးထူးဆန်းဆန်း မနက်စာပြင်ပေးလိုက်တော့ ကျွန်မတို့သုံးယောက်အတူစားလိုက်ကြတယ်။ Bam Bam ပါရောက်လာ ပြီး အတူစားလိုက်ကြတယ်။

"မိန်းမလှလေးတွေအကုန်လုံး ဘယ်တွေရောက်နေကြတာလဲ" Bam Bam ကထိုင်လိုက်ပြီး အာကျယ်အာကျယ်နဲ့ ပြောလိုက်တယ်။

နှောင်ကြိုး (Jenlisa)Where stories live. Discover now