Chapter 13

1.1K 111 6
                                    

Jennie's Pov

Lisa ပါးစပ်က ချစ်တယ်ဆိုတဲ့စကားကို ပြောမိလုနီးပါးဖြစ်သွားတော့ ကျွန်မ မအံ့ဩသင့်ဘူးဆိုတာ သိတယ်။ ကျွန်မလဲ သူ့လိုခံစားချက်မျိုး ခံစားနေရတယ်။ ဒါပေမယ့် ကျွန်မပြောမထွက်သေးဘူး။

ကျွန်မတို့နှစ်ယောက်က မဖြစ်နိုင်တဲ့အရာပဲ။ ကျွန်မသူနဲ့အဝေးကိုပြေးဖို့ကြိုးစားလိုက်တိုင်းမှာ သူမပြန်ဆွဲထားတယ်။ ကျွန်မက အပြစ်ရှိတဲ့ခံစားချက်တွေကြားမှာ နစ်မြုပ်နေပြီး အခုတော့ Lisa လက်မောင်းပေါ်မှာအိပ်နေမိတယ်။ ကျွန်မ တဖြည်းဖြည်းနဲ့ပြိုလဲကျနေသလိုခံစားနေရပြီး Lisa သတိထားမိမလားဆိုတာ ကျွန်မမသိဘူး။ Mino ကတော့ သတိမထားမိတာ သေချာတယ်။

Mino အကြောင်းစဉ်းစားလိုက်မိတော့ ကျွန်မသက်ပြင်းချလိုက်မိတယ်။ ကျွန်မတို့နှစ်ယောက်ကို သူမိသွားပြီး ဒီစိတ်ဆင်း ရဲနေရတဲ့အခြေအနေကို ပြီးသွားဖို့ဆုတောင်းမိတယ်။ အခုက ကျွန်မမဟုတ်သလိုပဲ။ ကျွန်မက တစ်ခြားတစ်ယောက် ဘဝထဲမှာ နေထိုင်နေရသလိုခံစားနေရတယ်။

"Lisa" သူမငေးကြည့်နေတာ ခံစားလိုက်မိတော့ ကျွန်မတိုးတိုးလေးရေရွတ်လိုက်တယ်။ "ကျွန်မတို့စကားပြောကြဖို့ လိုအပ်တယ်"

"မင်းစိတ်ထဲမှာ ဘာတွေတွေးနေလဲ Nini" Lisa ကအိပ်ချင်နေတဲ့အသံနဲ့မေးလိုက်တယ်။

"ဒါကအရမ်းနာကျင်ရတယ်" ကျွန်မအသံက ကွဲအက်နေတယ်။

"ကိုယ်သိတယ်" သူမရေရွတ်လိုက်တယ်။

"ရှင်ရော။ တစ်ခါတစ်လေ ရှင်လဲကျွန်မတို့လုပ်နေကြတာကို သတိမမူပဲဖြစ်နေတာ ခံစားမိတယ်"

"Nini ကိုယ်ဘာမှ သတိမမူပဲဖြစ်မနေဘူး။ ကိုယ်တို့နောက်ကွယ်မှာ လိုအပ်ချက်အတွက် သဘောတူထားတာလို့ပဲ သဘောထားတယ်။ ဟုတ်ပြီလား။ ကိုယ့်ဉီးနှောက်က အလုပ် မလုပ်နေတာမဟုတ်ဘူး" Lisa ကအသံခပ်ပြတ်ပြတ်နဲ့ ပြောလိုက်တယ်။

"ရှင်ဒီလိုအခြေအနေအတွက် အဆင်ပြေရဲ့လား"ကျွန်မမေးလိုက်တယ်။

"ဒါကရိုးရိုးလေးပဲ။ ကိုယ်ချစ်-"သူမပြောမယ့်စကားကို ရပ်လိုက်ပြီး သက်ပြင်းချလိုက်တယ်။ "ကိုယ်မင်းကိုပဲ စိတ်ပူတာ Jennie" သူမပြောလိုက်တယ်။

နှောင်ကြိုး (Jenlisa)Where stories live. Discover now