Chapter 23

1.2K 99 7
                                    

Jennie's Pov

ကျွန်မထုံနေသလိုခံစားနေရတယ်။

သူမက ကျွန်မအသည်းနှလုံးကိုဆွဲထုတ်သွားပြီး ဟောင်းလောင်းပေါက်ကြီးနဲ့ထားခဲ့တယ်။ ကြမ်းပြင်ပေါ်ကိုကျလာတဲ့ ကျည်ဖူလေး သူမခေါင်းကိုထုတ်ချင်းဖောက်သွားမယ့်ပုံကို ခေါင်းထဲမထွက်ဘူးဖြစ်နေတယ်။ အသက်ရှုလိုက်တဲ့အချိန် တိုင်း မျက်တောင်ခတ်လိုက်တဲ့အချိန်တိုင်းမှာ ဒီပုံရိပ်ပဲမြင်နေတယ်။ ကျွန်မသာ သူမကိုမတားနိုင်ခဲ့ရင် သူမဆိုတာ ဒီအချိန်မှာ ရှိမှာမဟုတ်တော့ဘူး။ သူမကပြိုလဲနေပြီး ကျွန်မဘာမှမတတ်နိုင်ဘူးဖြစ်နေတယ်။

သူမဆိုဖာမှာထိုင်နေပြီး Mino နဲ့စကားပြောနေတာမြင်နေရတယ်။ ဘာကြောင့်မှန်းမသိပေမယ့် သူမကျွန်မကို နစ်မြှုပ်နေတဲ့ခံစားချက်ကြီးကို ပေးနေတယ်။ သူမက အခုကောင်းမွန်တဲ့စိတ်အခြေအနေမဟုတ်ဘူး။ သူမ Mino ကို ဘာတွေပြောနေမယ်ဆိုတာ မပြောတတ်ဘူး။ ကျွန်မဘာမှမလုပ်နိုင်တဲ့အရာကို စိတ်ပူနေမယ့်အတူတူ စိတ်ငြိမ်အောင် ထားဖို့ ကြိုးစားလိုက်တယ်။

သူမပေးခဲ့တဲ့ ကျည်ဆံလေးကို ကျွန်မကိုင်ထားမိတုန်းပဲ။ လက်ထဲကို ကျစ်ကျစ်ဆုတ်ကိုင်လိုက်မိတယ်။ ကျွန်မဒါကို မကြည့်ချင်ဘူး။ ကျွန်မအပေါ်ထပ်ကိုတက်သွားလိုက်ပြီး အံဆွဲထဲကို ထည့်ထားလိုက်တယ်။ သော့ခတ်လိုက်ပြီး ဒီဘယ်တော့မှမကြည့်ချင်တဲ့ memory ကိုမေ့နိုင်ဖို့ ခပ်ဝေးဝေးမှောင်ထဲဖက် တိုးထားလိုက်တယ်။

ကျွန်မအောက်ထပ်ပြန်ဆင်းလာတော့ Mino က Lisa နဲ့ဆက်ထိုင်မနေတော့တာကို တွေ့လိုက်ရတယ်။ သူ့ကိုရှာလိုက် တော့ ဧည့်ခန်းထဲမှာထိုင်နေပြီး နံရံနဲ့မျက်မှာကျက်ကို အသက်မပါသလိုကြည့်နေတာကို တွေ့လိုက်ရတယ်။

"အကုန်အဆင်ပြေရဲ့လား" ကျွန်မသတိထားပြီးမေးလိုက်တယ်။

"Jennie! Lisa ကကိုယ့်ကိုအကုန်ပြောပြပြီးသွားပြီ။ ကိုယ်အခုစိတ်တွေ ပြန်စုစည်းဖို့ကြိုးစားနေရတယ်" သူပြောလိုက် တယ်။

ကျွန်မတံတွေးမြိုချလိုက်ပြီး မေးလိုက်တယ်။ "သူမဘာတွေပြောပြတာလဲ"

"သူမကိုယ်သူမ သတ်သေဖို့ကြိုးစားခဲ့တဲ့အကြောင်းနဲ့ မင်းသူမကို တားခဲ့တဲ့အကြောင်း။ ပြီးတော့ သူမ မင်းကိုနမ်းခဲ့တဲ့ အကြောင်းနဲ့ မင်းကိုချစ်မိနေတဲ့အကြောင်းကိုပါ ပြောခဲ့တာ" သူဖြေးဖြေးချင်းလေးပြောလိုက်တယ်။ "မင်းဘာလို့ ကိုယ့်ကိုတစ်ခုမှမပြောပြခဲ့တာလဲ"

နှောင်ကြိုး (Jenlisa)Where stories live. Discover now