Chapter 22

1.1K 111 6
                                    

Lisa's Pov

ဒီအရာကိုကိုင်လိုက်တော့ လက်တုန်နေတာ ကျွန်မအတွက် အထူးအဆန်းဖြစ်နေခဲ့တယ်။

ကျွန်မကြောက်နေတာမဟုတ်ဘူး။ ဒီအရာရဲ့အလေးချိန်နဲ့ ပုံသဏ္ဍန်ကို အသားမကျသေးတာ။ ဒီအနက်ရောင် သတ္တုနဲ့ လုပ်ထားတဲ့အရာက လက်ကိုအေးစက်စေခဲ့တယ်။ အလေးချိန်က တိတိကျကျနှစ်ပေါင်ရှိတယ်။

တွင်းပေါက်တစ်ခုကို ကြည့်ခဲ့တယ်။ အဲ့ဒီအပေါက်ရဲ့အဆုံးမှာ အလင်းရောင်တစ်ခုတောင်မမြင်ခဲ့ရဘူး။ မှောင်မဲနေ တယ်။ ပြီးတော့ ငြိမ်းချမ်းမှုကိုရှာတွေ့ခဲ့တယ်။ တိတ်လဲတိတ်ဆိတ်တယ်။ ကျွန်မ သေနတ်ကိုကောက်ယူလိုက်တယ်။ မောင်းခလုတ်ကိုကလစ်လိုက်‌တော့ ထွက်လာတဲအသံက ငြိမ်းချမ်းမှုကိုရစေတယ်။ အရိုးသားဆုံးပြောရရင် စိတ်သက် သာရာရသွားခဲ့တယ်။

သေနတ်ကိုစားပွဲပေါ်တင်လိုက်ပြီး ဘောပင်ကိုကောက်ယူလိုက်တယ်။ ဒါကကျွန်မအတွက် အမှန်ကန်ဆုံးပဲ။ ကွဲကြေနေ တဲ့ နှလုံးသားနဲ့ ခရီးတစ်ခုကိုဆက်ဖို့ ကျွန်မမှာ ဘာအင်အားမှရှာမတွေ့တော့ဘူး။ ဘဝကဒီလိုမျိုးစမ်းသပ်လိမ့် မယ်လို မတွေးထားမိဘူး။ စာရွက်ပေါ်မှာ ဘောပင်နဲ့ဖိပြီးစာစရေးလိုက်တယ်။ ကျွန်မရဲ့အရိုးသားဆုံးဖွင့်မပြောရဲတဲ့ ကိစ္စတွေကို ချန်ခဲ့ရမယ်ဆိုတာ သိတယ်။ ဒီစာက ကျွန်မနောက်ဆုံးချန်ခဲ့ရမယ့်စာလဲဖြစ်တယ်။ ကျွန်မစရေးလိုက်တယ်။ စကားလုံး ရွေးချယ်မှုတွေ စာလုံးပေါင်းတွေကအရေးမကြီးဘူး သူမကိုနှစ်သိမ့်နိုင်ဖို့အတွက်စာဖြစ်ဖို့လိုတာပဲ မလား။

ကျွန်မဘဝကြီးကဘာအဓိပ္ပာယ်မှမရှိတော့ဘူး။ ကျွန်မရွေးချယ်လိုက်တဲ့လမ်းရဲ့ အကျိုးဆက်ကိုဆက်စပ်တွေးခေါ် နိုင်စွမ်းလဲ မရှိတော့ဘူး။ သူမကတော့ထင်လိမ့်မယ်။ သူတို့ကရောထင်လိမ့်မယ်။ ကျွန်မကပျော့ညံ့တဲ့လူပဲ။

ကျွန်မဘယ်လောက်ပဲဆိုးဆိုးရွားရွားပြောပြော ဘယ်လောက်ပဲစိတ်နာအောင်လုပ်လုပ် Jennie ကကျွန်မအနားက ထွက်သွားဖို့ ငြင်းဆန်ခဲ့တယ်။ ကျွန်မ သူမကိုတွန်းထုတ်ဖို့ဘယ်လောက်ပဲကြိုးစားကြိုးစား သူမကတော့ သန်မာလွန်း တယ်။ သူမကိုစိတ်နာစေချင်တယ်။ ကျွန်မကိုမုန်းသွားစေချင်တယ်။

နှောင်ကြိုး (Jenlisa)Where stories live. Discover now