Lisa's Pov
ကျွန်မလေယာဉ်စီးရတာမုန်းတယ်။ ကျွန်မ Seoul ကိုရောက်ရင်စောင့်နေကြမယ့် သတင်းထောက်တွေကိုတွေးမိပြီး စိတ်ညစ်သွားတယ်။
လေယာဉ်စီးဖို့စောင့်နေရင်း ကျွန်မ Jennie အကြောင်းကိုမတွေးပဲ မနေနိုင်ဘူး။ သူမဘာတွေလုပ်နေမလဲ အဆင်ပြေ ရဲ့လားသိချင်နေမိတယ်။ လေဆိပ်ကိုလာတဲ့လမ်းတစ်လျှောက်လုံးမှာလဲ သူမဆီစာမပို့မိအောင် ထိန်းချုပ် ထားရတယ်။ Mino ကိုသူမဖုန်းနံပါတ်မေးမိတာ မှားသွားလားမသိဘူး။ သူကတော့ဘာမှမတွေးပဲ Jennie ဖုန်းနံပါတ်ကို ကျွန်မကို ပေးလိုက်တယ်။ ဘယ်လောက်တောင် တုံးလိုက်လဲ။
လေယာဉ်ပေါ်ရောက်တော့ လေယာဉ်မယ်လေးက ချိုချိုသာသာနဲ့ ဘာယူပေးရမလဲ မေးလိုက်တယ်။
ကျွန်မ coke နဲ့ ဝီစကီ မှာလိုက်ပြီး သူမထွက်သွားတာ လိုက်ကြည့်လိုက်မိတယ်။
ဒီလိုကျတော့လဲ လေယာဉ်စီးရတာမဆိုးပါဘူး။ သူမပြန်ရောက်လာပြီးပြုံးပြလိုက်တယ်။
"ရှင်မှာထားတဲ့ coke နဲ့ ဝီစကီရပါပြီ" သူမပြောလိုက်တယ်။
"ကျေးဇူး Jennie" ကျွန်မနာမည်မှားခေါ်လိုက်တော့ ကိုယ့်ကိုကိုယ်အံ့ဩသွားတယ်။ " Um.. ကိုယ်ပြောတာ ကျေးဇူး Suzi လို့ပြောတာ" ကျွန်မသူမနာမည်ကဒ်ပြားကိုဖတ်ပြီး ပြောလိုက်တယ်။
သူမပြုံးပြလိုက်တယ်။
"ကျွန်မရှင်တို့တီးဝိုင်းကို သဘောကျတယ်" သူမပြောပြီး ထွက်သွားတယ်။
ကျွန်မသက်ပြင်းချလိုက်မိတယ်။ Jennie ကအရာရာကိုစိုးမိုးနိုင်လွန်းနေပါလား။ ကျွန်မပြတင်းပေါက်ကနေ ငေးကြည့် လိုက်မိတယ်။ ပြီးတော့ သောက်စရာတွေအများကြီးထပ်မှာလိုက်ပြီး မော့လိုက်တော့မှ ခေါင်းကိုက်နေတာတွေ သက်သာသွားတယ်။
လေယာဉ်စီးနေတဲ့တစ်လျှောက်လုံးမှာလဲ ကျွန်မ Suzi နဲ့အီစီကလီလုပ်လာခဲ့တယ်။ နောက်ဆုံးလေယာဉ်ဆိုက်တော့ သူမဖုန်းနံပါတ်တောင်းခဲ့လိုက်တယ်။ ကျွန်မလက်ဆွဲအိတ်ဆွဲပြီး lagguage ထုတ်ဖို့ထွက်လာခဲ့လိုက်တယ်။ ပြီးတော့ ကျွန်မမန်နေဂျာနဲ့ လုံခြုံရေးအဖွဲ့ကိုလဲ ဆက်သွယ်လိုက်တယ်။
![](https://img.wattpad.com/cover/315754722-288-k239426.jpg)
YOU ARE READING
နှောင်ကြိုး (Jenlisa)
Fanfictionမိန်းကလေးတစ်ယောက်ကို ချစ်မိသွားလိမ့်မယ်လို့ ကျွန်မတစ်ခါမှ မစဉ်းစားမိခဲ့ဘူး.... Jennie Kim မတူညီတဲ့ ဘဝနှစ်ခု ချစ်ခြင်းမေတ္တာမှာ ကျရှုံးသွားတဲ့အခါ ... အချစ်ကနာကျင်မှုတွေပဲ သူတို့နှစ်ယောက်ဆီကို ယူလာပေးတဲ့အခါ... Jennie နဲ့ Lisa တို့ရင်ဆိုင်နိုင်ကြမှာလား...