Lisa's Pov
ကျွန်မအသက်မှန်မှန်ရှုလိုက်ရင်း ခြေလှမ်း တစ်လှမ်းပြီးတစ်လှမ်း လှမ်းလိုက်တယ်။ ဖြေးဖြေးချင်း သေဖို့နီးကပ်လာ သလိုပဲ။ အေးစက်စက်သေနတ်ပြောင်းဝက ကျွန်မလည်ဂုတ်ကိုထောက်ထားတာကို ခံစားနေရတယ်။ Jennie နဲ့ Ella ရဲ့အော်ဟစ်ငိုကြွေးနေသံတွေကိုလဲ ကြားနေရတယ်။ ဒီတစ်နည်းပဲ ကျွန်မအတွက်ရှိတော့တာ။ ကျွန်မ အိမ်အပြင်ဖက် ရောက်ပြီဆိုတာနဲ့ Jennie က ရဲကားနဲ့လူနာတင်ကားတန်းခေါ်မယ်ဆိုတာ သိနေတယ်။ ကျွန်မသေချင် သေလိမ့်မယ် ဒါပေမယ့် သူတို့ကတော့ အသက်ရှင်နေရစ်ရမယ်။ ဒါကျွန်မလိုချင်တာပဲ။
"မင်းဒီလိုလုပ်စရာမလိုပါဘူး" ကျွန်မအိမ်ရှေ့တံခါးကနေထွက်လိုက်တော့ ပြောလိုက်တယ်။
ကျွန်မနာမည်ကို Jennie အော်လိုက်တာကို ကြားလိုက်ရတယ်။
"အိုး ငါလုပ်ရမှာ။ ဒီတစ်နည်းပဲရှိတာ" Mino ကပြန်ပြောလိုက်တယ်။
"မင်းနာကျင်နေရတယ်ဆိုတာ ငါသိတယ် Mino။ မင်းဘာလုပ်နေတာလဲဆိုတာ ပြန်စဉ်းစားစမ်းပါ။ မင်းဒီလိုလုပ်လိုက် မယ်ဆိုရင် ပြန်လှည့်လို့မရတော့ဘူးနော်။ မင်းဘယ်လိုအရာတွေ မျှော်လင့်ထားတာလဲ" ကျွန်မ သူနားဝင်အောင် ပြောလိုက်တယ်။
သူဘာစကားမှပြန်မပြောပဲ ကျွန်မကိုရှေ့တွန်းလွှတ်လိုက်တယ်။ ကျွန်မဒူးထောက်ကျသွားပြီး ဟန်ချက်မပျက်သွား အောင် လက်ကောက်ဝတ်နဲ့ထောက်လိုက်တယ်။
"မလှုပ်နဲ့" သူကြိမ်းဝါးလိုက်တယ်။
"အဲ့ဒီတော့ ဒါမင်းဖြစ်ချင်တာပေါ့။ ငါဒူးထောက်ကျနေတာကို မင်းကနောက်ကျောကနေပစ်ချင်တာပေါ့" ကျွန်မ ဒေါသတစ်ကြီးပြောလိုက်တယ်။
"အဲ့လိုပြောချင်ပြောလို့ရတယ်" သူဖြေလိုက်တယ်။
ကျွန်မမတ်တပ်ရပ်နိုင်အောင် ကြိုးစားလိုက်ပြီး သူ့ဖက်ကိုမျက်နှာမူလိုက်တယ်။
"Fuck you Mino! မင်းငါ့မျက်လုံးတည့်တည့်ကိုကြည့်ပြီး ပစ်စမ်းပါ"
"နောက်လှည့်စမ်း" သူကျွန်မကိုအော်လိုက်တယ်။
"မလှည့်နိုင်ဘူး"
"နောက်လှည့်စမ်း" သူ့အသံကတိုးပြီး အန္တရာယ်ရှိတဲ့အသံဖြစ်နေတယ်။

YOU ARE READING
နှောင်ကြိုး (Jenlisa)
Hayran Kurguမိန်းကလေးတစ်ယောက်ကို ချစ်မိသွားလိမ့်မယ်လို့ ကျွန်မတစ်ခါမှ မစဉ်းစားမိခဲ့ဘူး.... Jennie Kim မတူညီတဲ့ ဘဝနှစ်ခု ချစ်ခြင်းမေတ္တာမှာ ကျရှုံးသွားတဲ့အခါ ... အချစ်ကနာကျင်မှုတွေပဲ သူတို့နှစ်ယောက်ဆီကို ယူလာပေးတဲ့အခါ... Jennie နဲ့ Lisa တို့ရင်ဆိုင်နိုင်ကြမှာလား...