Chapter 15

1.2K 94 3
                                        

Jennie's Pov

တစ်နှစ်နီးပါးရှိခဲ့ပြီ။ ကျွန်မမျက်နှာဖုံးနောက်မှာနေခဲ့ပြီး သေချာကြည့်မယ်ဆိုရင် အဲ့ဒီမျက်နှာဖုံးမှာ ကွဲကြောင်းတွေကို မြင်ရလိမ့်မယ်။ မျက်နှာဖုံးရဲ့အပြင်ပိုင်းမှာတော့ အရာရာဟာအဆင်ပြေပြီးပြည့်စုံနေတယ်လို့ ထင်ရလိမ့်မယ်။ လူတွေအမြင်မှာတော့ ကျွန်မကပြီးပြည့်စုံတဲ့ဇနီးတစ်ယောက်ဖြစ်ပြီး အရမ်းချစ်ရတဲ့ပြီးပြည့်စုံတဲ့ခင်ပွန်းတစ်ယောက် ပိုင်ဆိုင်ထားတယ်လို့ မြင်ရတယ်။ နေ့ခင်ဖက်တွေမှာ ကျန်မဒီမျက်နှာဖုံးတွေအောက်မှာ ရှင်သန်ခဲ့ပြီး ညအချိန်မှာတော့ ဒါတွေကွာချသွားတယ်။ အရိပ်တွေအောက်မှာ ပုံးခိုနေခဲ့ပြီး အမှောင်ထုကဝါးမြိုတာ ခံနေရတယ်။ ကျွန်မမျက်ရည် ကျတာ တစ်ခုပဲတတ်နိုင်ခဲ့တယ်။

Lisa နဲ့မတွေ့ခင်တုန်းက ကျွန်မကဒီလိုမဟုတ်ခဲ့ဘူး။ အချစ်ဆိုတာမသိသေးတဲ့ နုံအတဲ့လူတစ်ယောက်ပဲ။ အချစ်က ဘာလို့ ဒီလောက် နာကျင်ရပြီး ပင်ပန်းနေရတာလဲ။ ကျွန်မ Mino နဲ့တုန်းက ဒီလိုမခံစားခဲ့ရဘူး။ Lisa ကပဲ ကျွန်မ နှလုံးသားကို ဒီလိုဖြစ်အောင်လုပ်နိုင်ခဲ့တာ။ ကျွန်မအရင်တုန်းကကြားဖူးခဲ့တဲ့စကားလေးတစ်ခုရှိတယ်။ အချစ်စစ်ဆိုတာ သည်းမခံနိုင်လောက်အောင် ပြင်းထန်တဲ့လောင်ကျွမ်းမှုတဲ့။ သူမ ကျွန်မကိုဒီလိုခံစားချက်မျိုးပေးခဲ့တယ်။ ကျွန်မက သူမရင်ခွင်ထဲမှာဆိုရင် အိမ်လို့ခံစားရတယ်။ တစ်ကယ်လို့ Mino ရဲ့လက်ထပ်ခွင့်ကို ခေါင်းမညိမ့်သေးခင် Lisa နဲ့သာ အရင်တွေ့ခဲ့မယ်ဆိုရင် အခြေအနေတွေက ပြောင်းလဲသွားခဲ့မှာ။

ကျွန်မစိတ်ကုန်နေတယ်။ ဒီအတောအတွင်းမှာ ကျွန်မကောင်းကောင်းလဲအိပ်မပျော်သလို စားလဲမစားနိုင်ခဲ့ဘူး။ တစ်ခုခုစားလိုက်တိုင်းလဲ ပျို့တက်လာတယ်။ ကျွန်မစိတ်ခံစားချက်တွေအမျိုးမျိုးပြောင်းနေပြီး အလိုမကျတာတွေ ဖြစ်နေတယ်။ ကျွန်မက ပုံမှန်ဆို ဒီလိုပုံစံမျိုးမဟုတ်ဘူး။ ကျွန်မဘဝတစ်လျှောက်လုံးမှာ ဘယ်သူ့ကိုမှ ဒီလိုမလိမ်ဖူးဘူး။ အခုတော့ ကျွန်မမလုပ်ဖူးတာတွေလုပ်နေမိတယ်။

ကျွန်မထိုင်းကိုရောက်တာ သုံးပတ်ကြာတဲ့ထိ Mino ကသူမလာနိုင်သေးတဲ့အကြောင်းပြောတော့ ကျွန်မစိတ်သက်သာ ရာရသွားခဲ့တယ်။

နှောင်ကြိုး (Jenlisa)Where stories live. Discover now