Chapter 11

1.6K 117 4
                                    

Jennie's Pov

ကျွန်မနဲ့ Mino တို့ဟန်းနီးမွန်းကပြန်ရောက်လာပြီးတော့ အလုပ်တွေပုံမှန်အတိုင်းပြန်လုပ်ခဲ့ကြတယ်။ သူကလဲ သူ့ကုမ္ပဏီမှာရုံးပြန်တက်ပြီး ကျွန်မကလဲ စာဆက်ရေးခဲ့တယ်။

ကျွန်မ Lisa နဲ့စကားမပြောဖြစ်ခဲ့တာ သူမအခန်းမှာ Seoul ပြန်ဖို့ထုတ်ပိုးနေတဲ့နေ့ကတည်းကပဲ။ ကျွန်မဒီလို မမျှော် လင့်ထားခဲ့ဘူး။ ကျွန်မကသူ့ကိုကစားစရာအရုပ်တစ်ခုလိုသဘောထားနေပြီး ကျွန်မစိတ်တိုင်းကျ လုပ်နေခဲ့တယ်လို့ Lisa ကတော့ထင်နေမှာ။ ကျွန်မကိုယ်ကျွန်မလဲ အံ့ဩမိတယ်။ ကျွန်မသူမဆီက ဘာကိုမျှော်လင့်မိနေမှန်း မသိတော့ဘူး။ ကျွန်မလုပ်ခဲ့တာတွေအကုန်လုံး ဒီတစ်ခုတည်းတော့မဟုတ်ဘူး။ ကျွန်မသိတာ တစ်ခုကတော့ သူမနဲ့ရှိနေတဲ့ အချိန်တိုင်း က ကျွန်မအတွက် ရှင်သန်ရတာအဓိပ္ပာယ်ပိုရှိသလိုပဲ။ Lisaကို ကျွန်မစွဲလန်းနေပြီး သူမဆီက ပိုလိုချင်မိတယ်။

ရက်သတ္တပတ်တွေကြာသွားတော့ Mino နဲ့ ကျွန်မအခြေကျလာခဲ့တယ်။ သူကတော့ အလုပ်ကိုပဲအာရုံစိုက်နေခဲ့ပြီး ကျွန်မကတော့ တစ်ယောက်တည်းအထီးကျန်နေသလိုခံစားရတယ်။ သူနဲ့ကျွန်မအတူရှိရတဲ့အချိန်တွေက ကျွန်မကို ဈေးကြီးတဲ့အဝတ်အစားဝယ်ပေးလို့ အတူဈေးဝယ်ထွက်တာမျိုးနဲ့ သူ့ရုံးနားက လက်ဝတ်လက်စားဆိုင်မှာ အတူ သွားဝယ်ကြတာမျိုးတို့ပဲ။ သူကတော့ ကျွန်မအတွက် အထင်ကြီးရလောက်တဲ့ ခင်ပွန်းတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေပြီး ကျွန်မကတော့ လောကကြီးထဲတစ်ယောက်တည်းဖြစ်နေသလို ခံစားနေရတယ်။ အရင်တုန်းက ကျွန်မတို့အခြေအနေနဲ့ ကွာခြားသွားပြီး လက်ထပ်လိုက်တာက ဘဝတစ်ခုကို ပြောင်းသွားစေတာပဲ။ သူ့ရဲ့ဇနီးတစ်ယောက်အနေနဲ့ သူကတော့ ကျွန်မကို ပွဲထုတ်ချင်နေပြီး ကျွန်မကတော့ မွန်းကြပ်နေခဲ့တယ်။

Lisa နဲ့ယှဉ်လိုက်ရင် အရာရာက လုံးဝကိုကွာခြားတာပဲ။

ကျွန်မဖုန်းမြည်သံကြားလိုက်ရပြီး ဘယ်သူလဲလို့ကြည့်လိုက်တော့ Lisa ဆီကစာကိုတွေ့လိုက်ရတယ်။ ကျွန်မမြန်မြန်ဖွင့် လိုက်ပြီး သူမရေးထားတာဖတ်လိုက်တော့ ပြုံးလိုက်မိတယ်။

နှောင်ကြိုး (Jenlisa)Where stories live. Discover now