Jennie's Pov
ကျွန်မတို့အိမ်ကိုပြန်ရောက်ကြတော့ ငိုချင်နေမိတယ်။ သူငယ်ချင်းတွေကို နှုတ်ဆက်ပြီး အခန်းထဲဝင်ခဲ့လိုက်တော့ Mino ကအိပ်ပျော်နေပြီကို တွေ့ရတယ်။ ကျွန်မရေချိုးခန်းထဲဝင်လိုက်ပြီး အဝတ်အစားတွေချွတ်လိုက်တယ်။ ပြီးတော့ ရေချိုးကန်ထဲဝင်ထိုင်လိုက်ပြီး ရေပန်းကိုဖွင့်ချလိုက်ပြီး ခန္ဓာကိုယ်က အညစ်အကြေးတွေပြောင်သွားအောင် ရေနဲ့ဆေးချ လိုက်ရင်း ငိုလိုက်မိတယ်။ ကျွန်မအရမ်းရှက်တာကို ခံစားနေရတယ်။
ကျွန်မ Lisa ကိုတစ်ဖြည်းဖြည်းချင်းချစ်မိနေပြီဆိုတာ ခံစားနေမိပြီ။ သူမဆီကခွင့်ပြုလေ ကျွန်မသူမဆီက ပိုလိုချင်လေ ပဲ။ ဒါကတော်တော်ရှုပ်ထွေးတဲ့ကိစ္စပဲ။ ကျွန်မက သူမအကိုကို လက်ထပ်တော့မှာလေ။ ဘာလို့ဒီလိုအရာတွေ ဖြစ်လာ ရတာလဲ။ ကျွန်မ Mino ကိုချစ်တုန်းပဲ။
ကျွန်မရေကန်ထဲကထွက်လိုက်ပြီး ရေငွေ့ရိုက်နေတဲ့မှန်ကို လက်နဲ့သုတ်လိုက်တယ်။ မှန်ရှေ့မှာရပ်နေတဲ့ကျွန်မက ကျွန်မ မဟုတ်သလိုပဲ။
"အိုး" ကျွန်မလည်တိုင်မှာ Lisa ချန်ခဲ့တဲ့အမှတ်ကိုတွေ့လိုက်တော့ အာမေဋိတ်သံထွက်သွားတယ်။
ကျွန်မမျက်လုံးမှိတ်လိုက်ပြီး အသက်ပြင်းပြင်းရှုလိုက်တယ်။ Mino နဲ့ကျွန်မတို့အခန်းထဲကိုဝင်လိုက်ပြီး အိပ်ယာပေါ် တက်လိုက်တယ်။ ကျွန်မလက်ချောင်းထိပ်လေးတွေနဲ့ သူ့ပါးကိုထိလိုက်ပြီး အသာလေးနမ်းလိုက်တယ်။ Mino နိုးလာတာ ကို တွေ့ရတယ်။
"ဟေး ဘေဘီ" သူတိုးတိုးလေးပြောလိုက်တယ်။
သူကျွန်မအနမ်းကိုတုန့်ပြန်ပြီး ပြန်နမ်းလိုက်တယ်။ သူကျွန်မခန္ဓာကိုယ်ပေါ်ကိုအုပ်မိုးလိုက်တာ ခံစားလိုက်ရပြီး ခနနေ တော့ ကျွန်မနဲ့ Lisa ကြားက ဖြစ်ပျက်ခဲ့သမျှအကုန်လုံးမေ့သွားတယ်။ ကျွန်မတို့ကိစ္စပြီးသွားတော့ ကျွန်မရင်ဘတ်ပေါ် သူပြန်အိပ်ပျော်သွားခဲ့တယ်။ ကျွန်မသူ့ဆံပင်နောက်ဖက်ကိုပွတ်သတ်ပေးနေရင်း လှဲနေလိုက်တယ်။ Mino က ကျွန်မတွေ့ဖူးသမျှလူတွေထဲမှာ အကောင်းဆုံးလူသားတစ်ယောက်ပဲ။ သူကျွန်မကိုလက်ထပ်ချင်တာ ကျွန်မအရမ်း ကံကောင်းတယ်။ ဒါပေမယ့်လဲ ကျွန်မသူနဲ့မထိုက်တန်ဘူးဆိုတာ သိနေတယ်။
![](https://img.wattpad.com/cover/315754722-288-k239426.jpg)
YOU ARE READING
နှောင်ကြိုး (Jenlisa)
Fanficမိန်းကလေးတစ်ယောက်ကို ချစ်မိသွားလိမ့်မယ်လို့ ကျွန်မတစ်ခါမှ မစဉ်းစားမိခဲ့ဘူး.... Jennie Kim မတူညီတဲ့ ဘဝနှစ်ခု ချစ်ခြင်းမေတ္တာမှာ ကျရှုံးသွားတဲ့အခါ ... အချစ်ကနာကျင်မှုတွေပဲ သူတို့နှစ်ယောက်ဆီကို ယူလာပေးတဲ့အခါ... Jennie နဲ့ Lisa တို့ရင်ဆိုင်နိုင်ကြမှာလား...