Chapter 21

1.2K 126 6
                                        

Jennie's Pov

Lisa လဲသက်သာလာပြီး နွေရာသီလဲကုန်ဆုံးသွားတော့ ကျွန်မနဲ့ Mino တို့ နယူးဇီလန်ကို ပြန်လာခဲ့ကြတယ်။ ဒါပေမယ့် ရောက်တာမှတစ်ပတ်မပြည့်သေးဘူး ထိုင်းကိုပြန်သွားဖို့အကြောင်းဖြစ်လာပြန်တယ်။

Mino အဖေ Marco ကနှလုံးရောဂါနဲ့ ရုတ်တရက်ဆုံးပါးသွားခဲ့တယ်။

Lisa ရဲ့မတော်တဆမှုဖြစ်ခဲ့တဲ့နောက်မှာ Mino ကသူ့ကိုယ်သူ ခင်ပွန်းကောင်းတစ်ယောက်နဲ့ အဖေကောင်းတစ်ယောက် ဖြစ်လာဖို့ ကြိုးစားလာတာကို တွေ့ရတယ်။ သူဒီလို တာဝန်ယူလိုတဲ့စိတ်တွေ ဘယ်လိုပြန်ရတာလဲ ကျွန်မအံ့ဩမိတယ်။ ကျွန်မတို့ကို ပစ်ထားမိသလိုဖြစ်တာကို တောင်းပန်ခဲ့ပြီး ဒီလိုထပ်မလုပ်တော့ဘူးလို့ ကတိတွေပေးခဲ့တယ်။

ကျွန်မတို့ ထိုင်းကအိမ်ကိုပြန်ရောက်လာကြပြန်တယ်။ Mino မျက်နှာမှာ မျက်ရည်တွေတွဲခိုနေပြီး စိတ်တင်းထားရတာ ကို တွေ့ရတယ်။ မိသားစုတစ်ခုလုံးအတွက်တော့ ခက်ခဲတဲ့ဖြေမဆယ်နိုင်မှုပဲ။ ကျွန်မတို့ကားပေါ်က ဆင်းဆင်းလာချင်း Hanbin က Mino ကိုတင်းတင်းဖက်လိုက်တယ်။ Hanbin မျက်လုံးတွေက မို့အစ်ပြီး နီရဲနေတာကို တွေ့ရတယ်။ Jisoo ကတော့ Chitthip နောက်ကလိုက်လာတာကိုတွေ့ရတယ်။

"Lisa ရော" ကျွန်မမေးလိုက်တယ်။ Mino ကိုနှုတ်ဆက်ဖို့ သူမမလာတာတွေ့လိုက်ရတော့ အံ့ဩသွားတယ်။

"ဟိုဖက်မှာ" Hanbin ကပြောလိုက်ပြီး အိမ်နောက်ကိုထိုးပြလိုက်တယ်။

"သူမသိပ်အခြေအနေမကောင်းဘူး" Jisoo ပြောလိုက်တယ်။

"သောက်နေတာလား" ကျွန်မမေးလိုက်တယ်။

"မဟုတ်ဘူး" Jisoo ကခေါင်းယမ်းပြလိုက်တယ်။ "သူမအခုထိ ငိုတာမတွေ့သေးဘူး။ ဒီအခြေအနေကြီးကို လက်ခံနိုင်တဲ့ ပုံမပေါ်ဘူး။ ဒီအကြောင်းကိုလဲ တစ်ခွန်းလေးမှမပြောဘူး"

"Irene ရော" ကျွန်မမေးလိုက်တယ်။

"သူမ လာလို့မရဘူး။ သီချင်းသွင်းနေရတယ်" Jisoo ပြောလိုက်တယ်။ "သူတို့လွန်ခဲ့တဲ့နှစ်ပတ်လောက်က ရန်ဖြစ်ထား ကြသေးတယ်။ ငါ့အထင် သူတို့ပြတ်သွားပြီလား ဘာလားမသိဘူး" သူမထပ်ပြောလိုက်တယ်။

နှောင်ကြိုး (Jenlisa)Where stories live. Discover now