Chapter 3

1.7K 166 7
                                        

Jennie's Pov

Lisa ထွက်သွားတော့ သူမပါးကိုပဲရိုက်လိုက်ရမလား။ သူမတောင်းဆိုတာကိုပဲ လက်ခံရမလား ဝေခွဲမရဘူးဖြစ်နေတယ်။ စဉ်းစားနေတာ မိနစ်အနည်းငယ်ကြာတော့ နှစ်ခုလုံးလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်မဖတ်လက်စ စာအုပ်ကို စောင့်ပိတ်လိုက်ပြီး Mino ကိုရှာဖို့လုပ်လိုက်တယ်။ ကျွန်မတစ်ခုခုအရမ်းလိုအပ်နေတယ်။ သူ့ကိုတွေ့လိုက်ရတော့ စစ်တုရင်ကစားနေတာကို တွေ့ရတယ်။

"ဟေး ဘေဘီ" ကျွန်မချိုချိုသာသာလေး‌ခေါ်လိုက်တယ်။

"ဟိုင်း ဘေဘီ။ အဆင်ပြေရဲ့လား" သူပြုံးပြရင်းမေးလိုက်တယ်။

"အင်း" ကျွန်မဖြေလိုက်တယ်။ "ရှင်အပေါ်ထပ်လာပြီး ကျွန်မနဲ့တစ်ရေးလောက်အိပ်ချင်လား" ကျွန်မပြုံးပြီးစွဲဆောင် လိုက်တယ်။

သူကျွန်မမျက်နှာက လိုချင်တပ်မက်မှုကိုသဘောပေါက်သွားပုံရတယ်။ လှောင်ပြုံးပြုံးလိုက်ပြီး ထလိုက်လာခဲ့တယ်။

ကျွန်မ သူလိုက်လာမှာစောင့်လိုက်ရင်း သူ့လက်ကိုတင်းတင်းဆုတ်ကိုင်ပြီး အိပ်ခန်းဆီကို ထွက်လာခဲ့ကြတယ်။ အခန်း ထဲ ကိုရောက်တော့ သူ့ကိုတံခါးဘောင်ဘက်တွန်းလိုက်ပြီး နမ်းလိုက်တယ်။ သူပြန်နမ်းလိုက်တာကို ခံစားရတယ်။ ကျွန်မ Lisa အပေါ်ဖြစ်နေတဲ့စိတ်တွေကို သူ့အပေါ်ဖြေဖျောက်လိုက်တယ်။ ကျွန်မဒီလိုဖြစ်နေတာ သူ့ကြောင့်မဟုတ်ဘူး ဆိုတာ သူကတော့သိမှာမဟုတ်ဘူး။

ကျွန်မတို့ချစ်ပြီးသွားကြတော့ ဘေးချင်းကပ်အိပ်လိုက်ကြတယ်။ သူနဲ့ဒီလိုနေတဲ့အချိန်မှာတောင် တစ်စက္ကန့်လေးမှ Lisa ကိုတွေးနေတာကို မရပ်တန့်နိုင်ဘူးဖြစ်နေတယ်။

"ဒါက.. ဒါကအရမ်းခံစားလို့ကောင်းတာပဲ။ မင်းကိုယ့်ကိုဘယ်လိုများလုပ်လိုက်တာလဲ" Mino ကမထိတထိစလိုက် တယ်။

ကျွန်မရိုးရိုးလေးပဲ ပြုံးပြလိုက်တယ်။

ကျွန်မတို့ခနလောက်ဆက်လှဲနေကြပြီး ခနနေတော့ Mino ကရေချိုးဖို့လုပ်လိုက်တယ်။ သူရေချိုးခန်းထဲဝင်သွားတော့ ကျွန်မလက်နှစ်ဖက်နဲ့မျက်နှာကို အုပ်ပြီး သက်ပြင်းချလိုက်မိတယ်။ ဒါမဖြစ်သင့်ဘူး။ အရာရာကို Lisa ကပဲစိုးမိုးထား တယ်။ သူမအကြောင်းကို မတွေးပဲမနေနိုင်ဘူးဖြစ်နေတယ်။ ကျွန်မဘယ်သူ့ကိုမှ ဒီလောက်ထိမစွဲလမ်းဖူးဘူး။ သူမကို တော့အရမ်းစွဲလမ်းနေတယ်။

နှောင်ကြိုး (Jenlisa)Where stories live. Discover now