Epilogue

4.2K 186 36
                                        

Jennie's Pov

ကျွန်မအပြင်ဖက်ထွက်လာတော့ အိမ်ရှေ့ဆိုင်ကယ်ရပ်လိုက်တဲ့ ကျွန်မဇနီးကိုတွေ့လိုက်ရတယ်။ ကျွန်မပထမဆုံး စတွေ့ခဲ့ရတဲ့သူမပုံစံအတိုင်းလေးပဲ။ သူမရဲ့အညိုရောင်ဆံပင်တွေက ဆိုင်ကယ်စီးနေရင်းလွင့်နေတာလေးက အရမ်း မိုက်တာပဲ။ သူမကအခုထိ ကျွန်မအသက်ရှုဖို့ရပ်တန့်သွားအောင် ဆွဲဆောင်နိုင်တုန်းပဲ။ သူမက ဘာစည်းမျဉ်းစည်းကမ်း ကိုမှ လိုက်နာတဲ့လူမျိုးမဟုတ်ပဲ ကျွန်မကလဲ ဒါလေးကိုချစ်နေမိတာ။

Mino သေပြီးသွားတော့ အကုန်လုံးပြန်အခြေကျဖို့ အချိန်ယူခဲ့ကြရတယ်။ Lisa နဲ့ Hanbin ကလဲသူတို့ကြားက ဆက်ဆံရေးကို မနည်းပြန်တည်ဆောက်ကြရတယ်။ နောက်ဆုံးတော သူတို့အချင်းချင်းခွင့်လွှတ်လိုက်ကြပြီး အခုဆို သူတို့နှစ်ယောက်အရင်ကထက်တောင် ပိုပြီးနီးကပ်လာကြတယ်။ အချိန်က အကုန်လုံးကို ကုစားသွားခဲ့ပြီး အမာရွတ် ကျန်ခဲ့တယ်ဆိုယုံလေးပဲ ရှိတော့တယ်။

သူမဆိုင်ကယ်ပေါ်ကဆင်းလိုက်ပြီး ဉီးထုတ်ချွတ်လိုက်တာကို ကြည့်နေမိတယ်။ သူမရဲ့အကြောက်အလန့်မရှိတဲ့ ချစ်ခြင်းက ကျွန်မတို့ကို ဒီအခြေအနေထိရောက်လာစေခဲ့တာ။ သူမနာကျင်ရတယ်ဆိုရင်တောင် ကျွန်မကိုအကုန်ပေးခဲ့ တာ။ သူမက ကျွန်မအမြဲတမ်းလိုအပ်နေတဲ့ အစိတ်အပိုင်းတစ်ခုပဲ။ သူမသာမရှိဘူးဆိုရင် ကျွန်မလဲပြိုသွားလိမ့်မယ်။

ကျွန်မလိုပဲ Ella လေးကလဲ သူမကိုလိုအပ်တယ်။ အခုဆိုရင် သမီးလေးက ငါးနှစ်ပြည့်ပြီ။ တစ်ကယ့်ကို လှပတဲ့ ကောင်မလေးဖြစ်လာခဲ့တယ်။ သမီးလေးက Lisa လက်ပေါ်မှာ ကောင်းကောင်းမွန်မွန်ကြီးပျင်းလာခဲ့တယ်။ Lisa ရဲ့ စိတ်ရှည်ပြီး ကြင်နာတတ်တဲ့စိတ်လေးက အရမ်းအံ့ဩစရာကောင်းတာပဲ။ သူမက ကျွန်မတို့သမီးလေးကို ကောင်းမွန်တဲ့ ကလေးတစ်ယောက်ဖြစ်အောင် ပျိုးထောင်နိုင်ခဲ့တယ်။ Lisa ကို Ella ကြည့်လိုက်တဲ့အကြည့်လေးမှာ ချစ်ခြင်းမေတ္တာ တွေကို အတိုင်းသားမြင်နေရတယ်။ သမီးက Lisa ကိုအရမ်းချစ်ပြီး Lisa ကလဲသူမနဲ့သာဆို လုံခြုံတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်တယ်။

Ella လေးကရှေ့တံခါးကနေပြေးထွက်လာပြီး Lisa နဲ့တွေ့ဖို့သွားလိုက်တာမြင်လိုက်ရတော့ ကျွန်မပြုံးလိုက်မိတယ်။

နှောင်ကြိုး (Jenlisa)Where stories live. Discover now