Chapter 7

1.3K 143 5
                                    

Jennie's Pov

Lisa အိမ်ကထွက်သွားတာ တစ်လပြည့်သွားပြီ။ ကျွန်မဆီကို စာမပို့တော့နဲ့လို့ပြောပြီးနောက်မှာ သူမဆီက ဘာသတင်း မှ မကြားခဲ့ရဘူး။ အရင်ကလောက် သူမအကြောင်းသိပ်မတွေးမိတော့သလိုပဲ။ သူမအကြောင်းမတွေးမိတာ ရက်တွေတောင်ကြာခဲ့ပြီ။ လက်ထပ်ပွဲအတွက် ပြင်ဆင်ဖို့ကိုပဲ အချိန်ပေးနေမိတယ်။ နောက်တစ်ပတ်ဆိုရင် ကျွန်မက Mrs. Kim Jennie Manoban ဖြစ်ပြီ။

ဒီနေ့က ကျွန်မအတွက်အလုပ်ရှုပ်တဲ့နေ့တစ်နေ့ပဲ။ ကျွန်မဆွေမျိုးတွေနဲ့ ဧည့်သည်တွေဒီကိုလာကြဖို့ လုပ်နေရလို့ ဖြစ်တယ်။ နောက်နှစ်ရက်ဆိုရင် ကျွန်မတို့လက်ထပ်ပွဲအကြိုညစာစားပွဲရှိတယ်။

"ဟေး ဘေဘီ။ အဆင်ပြေရဲ့လား" Mino ကထိုင်နေရင်းမေးလိုက်တယ်။

"အလုပ်လေးနည်းနည်းရှုပ်နေတာပါ။ လက်ထပ်ပွဲအတွက် ပြင်ဆင်ပြီးဖို့ အများကြီးလိုနေသေးတယ်" ကျွန်မပြောလိုက် တယ်။

"ကိုယ်ဘာကူလုပ်ပေးရမလဲ" သူမေးလိုက်တယ်။

"ကျွန်မအကုန်လုပ်နိုင်ပါတယ်။ စိတ်မပူနဲ့" ကျွန်မဖြေပြီး ပြုံးပြလိုက်တယ်။

"ဟုတ်ပါပြီ။ ကိုယ် Hanbin ဆီသွားလိုက်အုံးမယ်" သူကျွန်မကိုအနမ်းပေးပြီး ထွက်သွားလိုက်တယ်။

ကျွန်မနဲ့ Lisa ကြားဖြစ်ခဲ့မိတာတွေအတွက် အပြစ်မကင်းသလိုခံစားလိုက်ရတယ်။ ကျွန်မက ဒီလိုမလုပ်ဖို့ သူမကို ထိန်းခဲ့သင့်တာ။ လွန်ခဲ့တဲ့ရက်တုန်းက သူမဆီကို စာမပို့ခဲ့သင့်ဘူး။ ကျွန်မသူမကို လွမ်းတယ်လို့ စာပို့လိုက်တုန်းက တစ်ကယ်လွမ်းနေခဲ့တာဟုတ်ယ်။ ကျွန်မ သူမအကြောင်း သိပ်မသိသေးဘူး။ ဒါပေမယ့် သူမက ကျွန်မအတွက် အိမ်ဆိုတဲ့ ခံစားမှုကိုပေးနိုင်တယ်။ သူမထွက်သွားကတည်းက ကျွန်မလွမ်းနေခဲ့ရတာ။

ကျွန်မအခုလုပ်နေတဲ့အလုပ်ကို အာရုံပြန်စိုက်လိုက်တယ်။ ကျွန်မအချစ်ဆုံးသူငယ်ချင်း Jisoo ကမနက်ဖြန်မနက် လေယာဉ်နဲ့လာမှာဖြစ်တယ်။ ကျွန်မသူမကို လေဆိပ်မှာသွားကြိုရအုံးမယ်။ သူမကကျွန်မအချစ်ဆုံးသူငယ်ချင်းဖြစ်ပြီး ဆိုးတိုင်ပင်ကောင်းတိုင်ပင်ဖော်တွေလဲ ဖြစ်ကြတယ်။

နှောင်ကြိုး (Jenlisa)Where stories live. Discover now