Chapter 17

1K 109 6
                                    

Jennie's Pov

ကျွန်မကို သူမအခန်းမှာထားခဲ့ပြီး Lisa ထွက်သွားခဲ့တာ ၈လရှိခဲ့ပြီ။ သူမထွက်သွားတဲ့ပထမတစ်ပတ်က ကျွန်မအတွက် တော့ ဆိုးဆိုးရွားရွားခံစားရတယ်။ သူမတစ်ညလုံးသောက်နေခဲ့ပြီး ပြိုလဲနေတာကို ကျွန်မကြည့်နေရတယ်။ ကျွန်မ Lisa ကိုဒေါသထွက်ခဲ့တယ်။ အခုတော့ ဘာမှမရှိတော့ဘူး။

Lisa ပြောတာမှန်တယ်။ ကျွန်မတို့ရပ်သင့်တယ်။ Lisa နဲ့ကျွန်မတို့ အဆုံးသတ်ပြီးသွားကြတော့ ထိုင်းမှာခနပဲနေပြီး ကျွန်မပြန်လာခဲ့တယ်။ သူမကအရင်ပုံစံအတိုင်း အရက်တွေပြန်သောက်နေခဲ့ပြီး ကိုယ့်ကိုကိုယ်ဖျက်စီးနေခဲ့ပြီး ကျွန်မသူမကို မထိန်းနိုင်တော့ဘူး။ ကျွန်မအသည်းနှလုံးတွေကွဲကြေနေပြီး Lisa ဒီလိုကိုယ့်ကိုကိုယ်ဖျက်စီးနေတာ ဆက်မကြည့်နိုင်တော့ဘူး။ ကျွန်မနှုတ်မဆက်တော့ပဲ ပြန်သွားလိုက်တာ အကောင်းဆုံးပဲမလား။

ကျွန်မ Mino ကိုကလေးအကြောင်းပြောပြလိုက်တော့ သူပျော်သွားခဲ့တယ်။ ကျွန်မသူနဲ့ အချိန်အဆက်ပြန်မိသွားခဲ့ပြီး ကျွန်မတို့ကြားပျောက်ဆုံးနေတဲ့ အချစ်ကိုပြန်ခံစားလိုက်ရတယ်။ သူကအရင်ပုံစံအတိုင်းပြန်ဖြစ်သွားပြီး ကျွန်မလဲ နောက်ဆုံးတော့ ကောင်းမွန်တဲ့အိမ်ထောင်သည်ဘဝကိုပြန်ရလိုက်တယ်။ သူက ကျွန်မကိုအရမ်းကရုစိုက်ပြီး ချစ်ပေး တာကိုတွေ့ရတယ်။ သူနဲ့ရှိရတဲ့အချိန်တွေမှာ Lisa ကိုမေ့လုနီးပါးဖြစ်နေတတ်တယ်။ မေ့လုနီးပါး ဟုတ်တယ် မေ့လုနီးပါး။ ဒါပေမယ့် သူမအတွက်တော့ အမြဲတမ်းငိုနေရတုန်းပဲ။ သူမကကျွန်မအတွက်တော့ တစ်ခါမှမခံစားဖူးတဲ့ အချစ်ကိုခံစားခဲ့ရတဲ့ ခိုးချစ်သွားရမယ့်လူတစ်ယောက်ပဲ။ သူမက ကျွန်မထက်တစ်ခြားလူတွေနဲ့ ပိုထိုက်တန်တယ်။ သူမကို ချစ်တဲ့အကြောင်း သူမကိုမပြောခဲ့ရဘူး။ ပြီးတော့ ကျွန်မချစ်ခဲ့တယ်။ ကျွန်မသူမကို ရူးရူးမူးမူးချစ်ခဲ့တာကို Lisa မသိခဲ့ရဘူး။ ဒါကကျွန်မအတွက် အဆိုးရွားဆုံးအပိုင်းပဲ။ Lisa ကိုကျွန်မချစ်ခဲ့တဲ့အကြောင်းကို သိစေချင်တာ ရူးမတတ် ဖြစ်နေပေမယ့် နောက်ကျသွားခဲ့ပြီ။ ပြီးတော့ ကျွန်မလဲမေ့ဖို့ကြိုးစားနေပြီလေ။

နှောင်ကြိုး (Jenlisa)Where stories live. Discover now