Chapter 26

1.3K 122 13
                                    

Lisa's Pov

နောက်နေ့မနက် ကျွန်မနိုးလာတော့ ကျွန်မရင်ဘတ်ပေါ်လှဲလျောင်းနေတဲ့ သူမကိုတွေ့လိုက်ရတယ်။ နေရောင်ခြည်က အပြည့်အဝထွက်မလာသေးတာကိုပါ တွေ့ရတယ်။ သူမခေါင်းလေးကို နှုတ်ခမ်းလေးနဲ့အသာလေးဖိနမ်းလိုက်တော့ သူမ ရဲ့သက်ပြင်းချလိုက်တဲ့အသံကို ကြားလိုက်ရတယ်။

ကျွန်မပြန်လှဲလိုက်ပြီး သူမကိုလက်မောင်းနဲ့ဖက်ထားလိုက်တယ်။ သူမအတွက် အရာအားလုံးကိုစွန့်လွှတ်မယ်။ နောက်ဆုံး ကျွန်မိသားစု ကိုပါ အရှုံးပေးလိုက်တော့မယ်ဆိုပြီး ဆုံးဖြတ်ခဲ့တာကို သတိရလိုက်မိတယ်။ သူမက ကျွန်မအမြဲတမ်းလိုအပ်နေတဲ့အရာပဲ။ ပျောက်ဆုံးနေတဲ့ကျွန်မဘဝအစိတ်အပိုင်းတစ်ခုပဲ။ ကျွန်မအကိုကိုလဲ ကရုမစိုက် တော့ဘူး။ သူဘယ်လိုထင်ထင် ကရုမစိုက်တော့ဘူး။ ကျွန်မကရုစိုက်တဲ့တစ်ခုတည်းသောအရာက သူမပဲ။ ကျွန်မ Jennie ကိုချစ်တယ်။

သူမရွေ့လိုက်တာ ခံစားလိုက်ရတော့ ကျွန်မပြုံးလိုက်မိတယ်။ သူမဖြေးဖြေးချင်းလေးထလိုက်ပြီး ကျွန်မကိုကြည့်လိုက် တယ်။

"မောနင်း အိပ်ပုတ်လေး" ကျွန်မတိုးတိုးလေးပြောလိုက်တယ်။

"မောနင်း" သူမပြောလိုက်တယ်။ သူမအသံလေးက အိပ်ချင်မူးတူးလေးဖြစ်နေတုန်းပဲ။

"မင်းဒီအတွက်သေချာပြီလား Jen" ကျွန်မမေးလိုက်တယ်။

"သေချာတယ်" သူမသေချာပေါက်စိတ်ပိုင်းဖြတ်ပြီးတဲ့ပုံစံနဲ့ပြောလိုက်တယ်။ "ရှင်ရော။ ရှင်ကကျွန်မထက် အများကြီး ပိုဆုံးရှုံးရမှာ Lisa။ ရှင့်မိသားစုက ရှင့်ကို-"

"ရှူး" ကျွန်မ သူမပါးစပ်လေးကိုလက်ညှိုးလေးနဲ့ပိတ်ပြီးတားလိုက်တယ်။ "အခု ကိုယ့်မိသားစုက မင်းပဲ Jennie။ ကိုယ်မင်းကိုရွေးလိုက်တာ" ကျွန်မပြောလိုက်တယ်။

"မတရားသလိုပဲ။ ကျွန်မဒီနည်းလမ်းကို မသွားဖို့ဆုတောင်းခဲ့တာ"

"ကိုယ်မင်းကို တစ်ခုခုမေးလို့ရလား" ကျွန်မ မေးလိုက်တယ်။

"အင်း"

"မင်း သူ့ကိုဘာလို့လက်ထပ်ခဲ့တာလဲ။ အဲ့ဒီအတောအတွင်းတုန်းက ကိုယ်တို့ကြားမှာဖြစ်ပျက်ခဲ့ပြီးတော့မှလေ။ မင်းဘာလို့ ထွက်မသွားခဲ့တာလဲ"

နှောင်ကြိုး (Jenlisa)Where stories live. Discover now