Chapter 25

1.3K 112 4
                                    

Jennie's Pov

ကျွန်မနိုးလာတော့ အိပ်ယာပေါ်ကဆင်းလိုက်တယ်။ မနက်စောသေးလို့ Ella ကိုကြည့်ဖို့ သမီးအခန်းဆီကို သွားလိုက် တယ်။ သမီးကို အိပ်ယာပေါ်မှာမတွေ့ရလို့ အံ့ဩသွားခဲ့တယ်။ ဒါပေမယ့် စိတ်တော့မပူခဲ့ဘူး။ ဒီအိမ်မှာရှိနေသရွေ့ သမီးကိုစိတ်ချလို့ရတယ်။ Lisa ရဲ့အခန်းတံခါးပွင့်နေတာကို ကျွန်မသတိထားမိလိုက်တယ်။ Ella အစောကြီးနိုးနေပြီး Lisa အခန်းရောက်နေတာလို့ ခန့်မှန်းမိလိုက်တယ်။

Lisa အခန်းရှေ့ရောက်တော့ ဆက်မဝင်မိပဲ တံခါးဝမှာရပ်လိုက်မိတယ်။ သူမတို့နှစ်ယောက်ကို အတူတွေ့လိုက်ရတာ ထက် ပိုပြီးတန်ဖိုးရှိတဲ့အရာကို ကျွန်မမမြင်ဖူးသေးဘူး။ သူတို့နှစ်ယောက်လုံး အိပ်ပျော်နေကြပြီး Lisa ကသူမ လက်မောင်းကိုခေါင်းအုံးပြီး မှောက်ရက်အိပ်နေတယ်။ Ella လေးက Lisa ဘေးမှာအိပ်နေပြီး သမီးခေါင်းလေးက Lisa ရဲ့ကျောပေါ်မှီအိပ်နေတာကို တွေ့လိုက်ရတယ်။ သမီးပါးဖောင်းဖောင်းလေးက Lisa ကျောပေါ်မှာညှစ်ထားသလိုလေး ဖြစ်နေပြီး ဖောင်းထွက်နေတာကို တွေ့ရပြီး ပါးစပ်ဟောင်းလောင်းလေးနဲ့ အိပ်နေတယ်။ ကျွန်မနှလုံးသားလေးခုန်လာပြီး အရည်ပျော်သွားခဲ့တယ်။ ကျွန်မခေါင်းကိုတံခါးဘောင်ပေါ်မှီလိုက်ပြီး သူမတို့နှစ်ယောက်ကိုငေးကြည့်နေမိတယ်။ သူတို့နှစ်ယောက်လုံးက ပြည့်စုံလွန်းတယ်။

"ဒါတရားမဝင်ဘူး" Jisoo ကသူမျက်လုံးကိုပွတ်ပြီး ပြောလိုက်တာကို ကြားလိုက်ရတယ်။

"ဟုတ်တယ်" ကျွန်မပြောလိုက်တယ်။

"ငါသိတယ် Jennie"

"တစ်ကယ်ကြီးလား"

"အင်း" သူမပြောလိုက်ပြီး အိပ်ပျော်နေတဲ့ Lisa တို့နှစ်ယောက်ကိုကြည့်လိုက်တယ်။ "ငါတွေ့ဖူးသမျှထဲမှာတော့ ချစ်စရာအကောင်းဆုံးအရာတစ်ခုပဲ။ လူတွေက Lisa ကိုကလေးသေးသေးလေးနဲ့ ဒီလိုတွေ့ဖူးမှာမဟုတ်ဘူး"

"ငါသိတယ်" ကျွန်မရေရွတ်လိုက်တယ်။

"သူမကလေးယူလို့ရတာပဲ" Jisoo ကစလိုက်တယ်။

"Jisoo! တော်တော့" ကျွန်မသူမပုခုံးကို ရိုက်လိုက်တယ်။

"ငါဒီအတိုင်းပြောကြည့်တာလေ။ ဒါကရယ်စရာကောင်းပြီး အရမ်းချစ်စရာကောင်းတာပဲ" သူမပြောလိုက်ပြီး Lisa တို့နှစ်ယောက်ကိုလက်ညှိုးထိုးပြလိုက်တယ်။

နှောင်ကြိုး (Jenlisa)Where stories live. Discover now