Chapter 19

1.1K 113 7
                                    

Jennie's Pov

သူမကအရမ်းကြည့်ကောင်းနေတယ်။

ဟုတ်တယ် အရမ်းကြည့်ကောင်းနေတာ။ Ella ကလဲသူမလက်ထဲဆို အရမ်းပျော်တာ။ နှစ်နှစ်သားသမီးလေးရဲ့ ခြေထောက်သေးသေးလေးနဲ့ Lisa ကိုချီစေချင်လို့ ပြေးလိုက်နေတဲ့ သမီးလေးကိုကြည့်ပြီး ပြုံးလိုက်မိတယ်။ Lisa က သမီးလေးကို ကောက်ပွေ့လိုက်ပြီး တင်းတင်းလေးဖက်လိုက်တာကို ကြည့်နေမိတယ်။ သူမအပြုံးက အရမ်းလှ တာပဲ။

Ella ကို Irene လက်ထဲပြောင်းချီလိုက်တော့ ကျွန်မမျက်မှောင်ကျုံ့လိုက်မိတယ်။ Irene ကသမီးကိုနမ်းလိုက်ပြီး ကလိထိုးလိုက်တော့ သမီးလေးကခိုးခိုးခစ်ခစ်လေးရယ်လိုက်တယ်။ Ella က တစ်ကယ့်ကို Lisaရဲ့ကောင်မလေးကို သဘောကျနေတာပဲ။

Irene ကိုသဘောမကျဘူးလို့တော့မဟုတ်ပါဘူး။ သူမကလဲ လူကောင်းတစ်ယောက်ပဲ။ ဒါပေမယ့် တစ်ခါတစ်လေတော့ သူမနေရာမှာ ကျွန်မဖြစ်ချင်မိတယ်။ ကျွန်မ Lisa ကိုဆိုးဆိုးရွားရွားကို လွမ်းနေတာ။

"ဟေး" Lisa နှုတ်ဆက်လိုက်တော့ ကျွန်မနဲ့ Mino သူမတို့ဖက်လမ်းလျှောက်လာလိုက်တယ်။

"ဟေး Lis" Mino ကနှုတ်ဆက်လိုက်ပြီး တင်းတင်းလေးဖက်လိုက်တယ်။ "Irene" သူကပြုံးလိုက်ပြီး သူမကိုလဲ ဖက်လိုက်တယ်။

"လေယာဉ်စီးရတာ ဘယ်လိုလဲ" Irene ကမေးလိုက်ပြီး ကျွန်မကိုဖက်လိုက်တယ်။

"အင်း ကောင်းပါတယ်။ Ella လဲအဆင်ပြေတယ်" ကျွန်မပြုံးပြီး သူမကိုဖြေလိုက်တယ်။

Lisa က Ella ကို Irene လက်ထဲခနထည့်လိုက်ပြီး ကျွန်မကိုတင်းတင်းလေးဖက်ပြီး ဆုတ်ကိုင်လိုက်တယ်။ ကျွန်မ နည်းနည်း အံ့ဩသွားတယ်။ ကျွန်မကို Lisa ဒီလိုမျိုးမဖက်တာ အတော်ကြာခဲ့ပြီ။ ဖက်လိုက်တာနဲ့ ဆုတ်ကိုင်ထားတာ မတူဘူးမလား။ သူမ ကျွန်မကိုဆုတ်ကိုင်ထားတာ။

"Hi" Lisa ကျွန်မကိုပြုံးနှုတ်ဆက်လိုက်ပြီး လွှတ်ပေးလိုက်တယ်။

"ဟေး" ကျွန်မပြန်နှုတ်ဆက်လိုက်ပြီး နည်းနည်းရှက်သွားခဲ့တယ်။

"ကိုယ်တို့သွားကြမလား" Mino ပြောလိုက်တယ်။

"သွားကြတာပေါ့" Lisa ကပြောလိုက်တယ်။

နှောင်ကြိုး (Jenlisa)Where stories live. Discover now