"နင်သေချာလို့လား ပန်းသွေးနီနီ"
" အင်း သေချာပါတယ်ဟ ။ နင်ကလည်း ငါ့ကို အရင်လို ပန်းသွေးလို့ပဲ လို့ပဲ ခေါ်ပါ။
နာမည်အစအဆုံးခေါ်တော့ သူစိမ်းကျနေတာပဲ"ပန်းသွေးနီနီ ။
သူမတွင် နက်မှောင်၍ရှည်လျားသော ဆံပင်တို့ရှိသည်။
အဆီပိုမရှိ ကောက်ကြောင်းလှလှနှင့် ပန်းသွေးရောင် နှုတ်ခမ်းတို့အား အမြဲလိုလို နီမြန်းနေအောင် ဆိုးထားလေ့ရှိသည်။
မိတ်ကပ်မပါလျှင်တောင် နှုတ်ခမ်းကလေးရဲနေလျှင် စုံလင်သော
အမျိုးသားတို့၏ စွဲလမ်းမက်မောဖွယ်ပင်။အသက်က ၂၈ရှိပြီဖြစ်ပြီး အဆင့်တန်းရှိရှိ မြန်မာအမျိုးသမီး သဏ္ဌာန်ရှိသော်လည်း ခေတ်ရှေ့ပြေးနေအောင်ပြင်ဆင်ထားလိုက်ပုံက
ယောကျ်ားထုကြီးရဲ့အသည်းကို ကိုင်လှုပ်ပစ်လိုက်သလိုပါ။ဒါပေါ့။
ပန်းသွေးနီနီသည် ဘားတစ်ခုတွင် အလုပ်လုပ်သော အဖျော်ဆရာမလေး တစ်ယောက်ဖြစ်၏။
သို့သော်လည်း သူမသည် ထိုဘားတွင်အလုပ်လုပ်ခဲ့သည်မှာ
သုံးနှစ်နီးပါးရှိပြီ ဖြစ်ပြီး မှဲ့တစ်ပေါက်မှ မစွန်းအောင် ဆင်ခြင်နေနိုင်ခဲ့၏။ပန်းသွေးတွင် နာမကျမ်းသောရောဂါသည်အမေအိုကြီးနှင့် ဆယ်တန်းတက်နေသော မောင်ငယ်လေးတစ်ယောက်ရှိသည်။
ထို့ကြောင့် ပင် နှလုံးသားရေးကိုပင် ချောင်ထိုးကာ မိသားစုအရေး ရှေ့တန်းတင်ခဲ့သည်မှာ သူမ အရွယ်ရောက်စချိန်ထဲက ဖြစ်သည်။ထပ်၍
ပန်းသွေးတွင် အလုပ်အတူလုပ်သော
ရွယ်တူသူငယ်ချင်းမလေး ပိုးဥလည်း ရှိသည်။
ပိုးဥနှင့် ပန်းသွေးတို့သည် ငယ်သူငယ်ချင်း ဖြစ်ကြ၏။
တစ်ဦးနှင့်တစ်ဦးလည်း ဖေးမရင်းရပ်တည်လာသည်။
ပိုးဥသည်လည်း ထိုဘားကလေးမှ စားပွဲထိုးမလေးတစ်ယောက်ဖြစ်တာကြောင့် သူတို့နှစ်ယောက်သည် ပိုတွဲမိလာကြခြင်းဖြစ်၏။ယခုတွင်မူ တားဆီးမရသော ချစ်ခြင်းတရားတို့သည်
သူမထံ တိုးဝင်လာခဲ့သည်။
သူတို့အလုပ်လုပ်သောနေရာသို့ လာရောက်ကြသော လူများမှ ကိုကျော်မင်းခေါင် ဟူသော ရုပ်ဖြောင့်ဖြောင့် ခေတ်ပညာတက် အသိုင်းအဝိုင်း ကြီးထဲက အသက်၃၀ ဝန်းကျင်ခန့် အမျိုးသားတစ်ယောက်နှင့် ချစ်ကျွမ်းဝင် မိသည်မှာ တစ်နှစ်ရှိခဲ့ပြီး
ကိုကျော်မင်းခေါင် မိခင်ဖြစ်သူက သဘောမတူသောကြောင့် ဒီည ခိုးပြေးကြရန် တိုင်ပင်ထားကြသည်။
ပိုးဥကတော့ ကိုကျော်မင်းခေါင်အား အယုံအကြည်မရှိ။
YOU ARE READING
ပန်းနီနီ, မော်ဖူးစေ