Episode 12(Uni+Zawgyi )

957 93 0
                                    


ဒါလီမော်ဖူးခေါင် အကြာကြီး တိတ်တဆိတ်ငိုပြီးသည်အထိ ကေသီစောင့်၏။
စိတ်မကောင်းစွာ၊ခံပြင်းစွာဖြင့် ဒါလီစိတ်တည်ငြိမ်လာသည်အထိစောင့်နေမိသည်။
ဘာကိစ္စတွေပဲ ဘယ်လိုတွေဖြစ်ခဲ့ပါစေ အကိုတစ်ယောက်လုံးဆုံးရှုံးသွားခဲ့သည့် ခံစားချက်ကို ကိုယ်ချင်းစာပေးနိုင်ပါသည်။
ဘာမှစဥ်းစားတွေးခေါ်နိုင်စွမ်းတွေမရှိတော့လောက်အောင် ခေါင်းတွေ ချာချာလည်နေမည်ဆိုတာလည်း ရိပ်မိပါ၏။

"မမ ဟို သူ့နောက်လိုက်သွားရမလား"

ခပ်စူးစူးကျလာသောအကြည့်ကို မရဲတရဲ စောင့်စားနေလိုက်သည်။
မိုးချုပ်တော့မည်။ မပန်းအတွက် ကေသီစိုးရိမိသည်လေ။

"မလိုဘူး"

"ဒါပေမယ့် ခဏနေမှောင်တော့မှာလေ။ သူဘယ်အထိသွားနေမလဲ မပြောတက်ဘူး"

"နေရာတကာမှာ ထက်မြက်သလောက် ဒီနေရာမှာတော့ တော်တော်ညံ့တာပဲကေသီ။ သူ့အမေရှိနေတဲ့ဆေးရုံ ဒါမှမဟုတ်သူ့မောင်ဆီသူသွားမှာပဲ။
ဒီည ကေသီ ဒီမှာပဲအိပ်လိုက်ပါ။
မနက်ဖြန် သူ့မောင်နေနေတဲ့တိုက်ခန်းကိုသွားပြီး သူ့ကိုပြောခဲ့။တစ်ပတ်အတွင်း အဲ့နေရရာကနေဖယ်ပေးပါလို့"

"ရှင်!"

ကေသီမျက်လုံးများ ပြူးကျယ်ကုန်၏။
မနက်ဖြန် မပန်းကအဲ့ဒီမှာရှိမယ်လို့သေချာနေတာလား။

"သူ့အမေကဆေးရုံမှာပဲရှိသေး..."

"နှစ်ရက်အတွင်းဆင်းခိုင်းရင် ရပြီ ။ တော်တော်လည်း ကျမ်းမာနေပြီပဲ ဆေးဆက်စားရင်တောင်ရနေပြီ။တော်ပြီ ငါဘာမှဆက်မပြောချင်တော့ဘူး"

အပေါ်ဆီတက်သွားသော ဒါလီမော်ဖူးခေါင်အား ကေသီစိတ်မကောင်းစွာငေးကြည့်နေမိသည်။
ရုတ်တရက်ဖျော့တော့သွားသည့်လူနာလို အားမရှိစွာတရွေ့ရွေ့။

ခေါင်းကိုသာတစ်ချက်ခါရင်း မပန်းတို့မိသားစုအတွက် ဘာလုပ်ပေးနိုင်မည်လဲသာစဥ်းစားရသည်။
ခုမှကျောင်းပြောင်းပြီး ပျော်ပျော်ကြီး စာကြိုးစားနေသည့် ကောင်လေးမျက်နှာကိုမြင်ယောက်မိတော့ ရင်ထဲမှာနင့်ကနဲ။
ဒီလိုကိစ္စတွေကိုသာသိသွားရင် သူဘယ်လိုများဖြစ်သွားမှာပါလိမ့်။

ပန်းနီနီ, မော်ဖူးစေWhere stories live. Discover now